ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ တာဝန်ရှိသူများ ကော့မှူးမြို့နယ်ရှိ ပျားမွှတ်ကျေးရွာနှင့် ခရာစုကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခြင်း

"ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ တာဝန်ရှိသူများ ကော့မှူးမြို့နယ် ပျားမွှတ်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခြင်း"

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ သတင်းပြန်ကြားဆက်သွယ်ရေးနှင့် စောင့်ကြည့်စိစစ်အကဲဖြတ် တာဝန်ခံ ဦးစီးအရာရှိ ဒေါ်မေမျိုးဟန်နှင့် ကျားမရေးရာတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇင်မာကြည်တို့သည် ကော့မှူးမြို့နယ်မှ စီမံကိန်းဝန်ထမ်းများနှင့်အတူ ကော့မှူးမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်နေသော ပျားမွှတ်ကျေးရွာသို့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်လည်းကောင်း၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ခရာစုကျေးရွာများသို့ ကွင်းဆင်းသွားရောက်ကာ ကျေးရွာမှ စီမံကိန်းကော်မတီဝင်များ၊ ကျေးရွာသူ ရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး စီမံကိန်း စောင့်ကြည့်စိစစ်အကဲဖြတ်ခြင်းနှင့် ကျားမရေးရာ စောင့်ကြည့်စစ်ဆေးလမ်းညွှန်ချက်ပါကိစ္စရပ်များအား မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။