ကျေးရွာအဆင့် ဝေဖန် အကြံပြု တိုင်ကြားမှု ဖြေရှင်းရေး မွမ်းမံသင်တန်းများ မိုးကောင်းမြို့နယ်တွင် ပို့ချ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ‌လူထုဗဟိုပြု စီမံကိန်း ရုံးက ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာ ၇၉ ရွာမှာ ရှိတဲ့

စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေကို ကျေးရွာအဆင့် ဝေဖန် အကြံပြု တိုင်ကြားမှု ဖြေရှင်းရေး မွမ်းမံသင်တန်းကို ဇန်နဝါရီလ ၂၂ ရက် မနက် ၁၀ နာရီက

နမ္မန ကျေးရွာ ရွာလယ်ဇရပ်မှာ နည်းပညာ အကြံပေးအဖွဲ့ ဒေါ်ဌေးဌေးမြင့်က သင်ကြားပို့ချခဲ့ရာ ကျေးရွာပေါင်း ၂၀ က ဝေဖန်အကြံပြု တိုင်ကြား ဖြေရှင်းရေး

ကော်မတီဝင် ၃၆ ဦး တက်ရောက်ခဲ့ကြပါတယ်။

 

အဲဒီ ဝေဖန် အကြံပြု တိုင်ကြားဖြေရှင်းရေး မွမ်းမံသင်တန်းကို ကျေးရွာ ၇၉ ရွာက ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေး ကော်မတီပေါင်း ၁၆၅ ဦးတို့ကို

Cluster အလိုက်ခွဲပြီး သင်ကြားပေးလျက်ရှိကြောင်း၊ ဇန်နဝါရီလ ၂၀ ရက်နေ့က Cluster 3 မှာ လည်းကောင်း၊ ဇန်နဝါရီလ ၂၁ ရက်နေ့က Cluster 2 မှာလည်းကောင်း၊

ဇန်နဝါရီလ ၂၂ ရက်နေ့က Cluster 2 မှာလည်းကောင်း ပို့ချခဲ့ပြီး၊ ဇန်နဝါရီလ ၂၄ ရက်နေ့က Cluster 1 မှာလည်းကောင်း သင်ကြားပို့ချသွားမှာ ဖြစ်တယ်လို့

မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်းက ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

သတင်း - ဧဧလေး

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank