ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ဖျန်ရေကျော်ကျေးရွာအုပ်စုနှင့် သက္ကယ်ချောင်းကျေးရွာအုပ်စုများတွင် Information Campaign ဆောင်ရွက်မှု

   ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ငပုတောမြို့နယ်တွင် သတင်း ဆက်သွယ်ရေးနှင့် စည်းရုံးလှုံဆော်မှုပိုမိုအားကောင်းလာစေရန်အတွက် ဖျန်ရေကျော်ကျေးရွာအုပ်စုနှင့် သက္ကယ်ချောင်း ကျေးရွာအုပ်စုများရှိကျေးရွာ ()ရွာတွင် မူလတန်း၊ အလယ်တန်းအဆင့်ပန်းချီ    ပြိုင်ပွဲအား ကျေးလက်လူထုအခြေပြုဖွံ့ဖြိုးမှုကိုတို့ရှေ့ရှုခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်၍ ကျပန်းစကားပြိုင်ပွဲနှင့် စီမံကိန်းနှင့်ပတ်သက်သော ပန်းချီပြိုင်ပွဲ များပြုလုပ်၍ ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ပါသည်။ ကျေးရွာသူ/ ကျေးရွာသား စုစုပေါင်းလူဦးရေ (၅၀၀) ကျော် တက်ရောက်ခဲ့ပါသည်။