ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်ချီးမြှင့်မှုနှင့်အတူခမ်းနားစွာဖွင့်လှစ်ခဲ့သောလောပိတခန်းမဆောင်သစ်ဖွင့်ပွဲအခမ်းအနား

လွိုင်ကော်၊ မေလ ၂၈ 

                 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လွိုင်ကော်၊ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ တတိယနှစ်စက်ဝန်းအတွင်းစီမံကိန်းထောက်ပံ့ငွေ(၂၆၀၀၀၀၀၀/- ) ကျပ်၊လူထုထည့်ဝင်ငွေ (၁၂၀၃၉၈၅/-) ကျပ်၊စုစုပေါင်းကုန်ကျငွေ (၂၇၂၀၃၉၈၅/-) ကျပ်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သည့်  လောပိတကျေးရွာအုပ်စု၊ လောပိတ ကျေးရွာ၏ လုပ်ငန်းအတိုင်းအတာ(၇၀´× ၃၀ × ၁၂´-၅")ရှိသော ခန်းမဆောင်နှင့် (၁၁´- ၆"× ၅´- ၈"× ၆´ ၄")ရှိသော(၂) ခန်းတွဲအိမ်သာတည်ဆောက်ခြင်းလုပ်ငန်းများ၏ဖွင့်ပွဲအခမ်းအနားအား ယနေ့(၂၈.၅.၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀)

နာရီချိန် တွင်၎င်းကျေးရွာခန်းမဆောင်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ 

 အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုံလင်စွာ တက်ရောက် ခဲ့ပါသည်။

 အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ အခမ်းအနား တက်ရောက်အမှစကားပြောကြား ရသည့် အတွက် ဝမ်းမြောက်ရပါကြောင်း၊ ကယခုကဲ့သို့ဝမ်းမြောက်ရခြင်းမှာ လောပိတ(ရှမ်း) ရွာသည် မိမိမွေးရပ်မြေဖြစ်ပြီး မိမိ ဒေသအတွက် ကျေးရွာ ခန်းမဆောင် ဖွင့်လှစ်နိုင်သည့် အတွက် အထူးဝမ်းမြာက်ရပါကြောင်း ၊ မိမိအနေဖြင့် ယနေ့ အခမ်း အနားတွင် မိမိငယ်စဉ် လွန်ခဲ့ သော နှစ်ပေါင်း (၃၀) ကျော် ခန့်ကို ပြန်လည်မြင်ယောင်မိပါကြောင်း၊ လောပိတ ကျေးရွာ ဒေသခံများသည် အရှက်အကြောက် အလွန်ကြီး ပါကြောင်း၊ တစ်ချိန်တစ်ခါက ကြုံတွေ့ခဲ့ရတဲ့ အကြောက် တရားတွေကို နောင်လာ နောက်သားများ လက်ထဲ မရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ ခန်းမကြီးကို ဖွင့်လှစ်နိုင်ခြင်းမှာလည်း ဒေသခံများ၏ ငွေအား၊ လုပ်အား များစွာ ပါသည်ဟု ကြားသိရပါ ကြောင်း၊ ဆောင်ရွက်ပေးသောကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင် ပါကြောင်း၊ လူထုဗဟိုပြုစီမံကိန်းကို ဖော်ဆောင်တဲ့ အခါမှာ နိုင်ငံတော်ရဲ့ငွေ၊ ကမ္ဘာ့ဘဏ်လှူဒါန်းငွေ၊ ချေးငွေ များဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လူထုဗဟိုပြု စီမံကိန်းတွင် ဒီမိုကရေစီ အနှစ်သာရ များစွာပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။

 ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ယခုလိုခန်းမ ဆောင်အား ပူးပေါင်း ပါဝင်ဆောက်လုပ်ခြင်းဖြင့် အတွေ့အကြုံ၊ ဗဟုသုတများစွာ ရရှိမည်ဖြစ် ပြီး မိမိ ကိုယ်တိုင်ကလည်း ယူတတ်ဖို့လိုအပ်ကြောင်း၊အခက်အခဲလိုအပ်ချက်အခြေအနေများအား မိမိထံသို့ လည်း လာရောက် တင်ပြနိုင်ပါကြောင်း၊ မိမိအနေဖြင့် လည်း လောပိတ ကျေးရွာ နှင့်ပတ်သက်ပြီး တော်တော် များများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မိမိ အနေဖြင့် တစ်ကြိမ်တည်း ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မည် မဟုတ် ကြောင်း၊ လောပိတကျေးရွာကိုလည်း လောပိတ မြို့အဆင့် တိုးမြှင့်နိုင် ဖို့ ဆောင်ရွက်လျက်ရှိပြီး ပြည်သူ များကလည်း ပူးပေါင်း ပါဝင်ဖို့ လိုအပ် ကြောင်း၊ ဒေသခံ ပြည်သူများ၏ အား ပိုမိုလိုအပ်ကြောင်း၊ မြို့အင်္ဂါရပ်နှင့် အညီ လိုအပ်သော အချက်များ ဖြည့်ဆည်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒေသခံ များအနေနဲ့လည်း ယနေ့ အချိန်အထိ ရိုးရိုးသားသားဖြင့် ရပ်တည်နေ သည့်အတွက် ဝမ်းမြောက်သော်လည်း ခေတ်နှင့်အညီ လိုက်လျော ညီထွေ လိုက်ပါနိုင်ဖို့ လိုအပ်ပြီး နောင်လာနောက်သား များအား မိမိတို့ထက် ပိုမို ထူးချွန်လာအောင် မွေးထုတ် ပေးရန် လိုအပ်ကြောင်း၊ အစိုးရသစ်လက် ထက်မှာ ဆင်းရဲမှုလျော့ချရေး၊ မြို့ပြနှင့် ကျေးလက်ကွာဟမှု မရရှိစေရေး၊ အဂတိတရားကင်းရှင်းစေရေးစသည့်လုပ်ငန်းများအား ဖော်ဆောင် တဲ့ နေရာမှာ ပြည်သူများက လည်းမှန်မှန်ကန်ကန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား ခဲ့ပါ သည်။

          ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဦးဘောစ့်ကိုမှ လူထုဗဟိုပြု စီမံကိန်းအကြောင်း ရှင်းလင်း ပြောကြားခဲ့ကာ၊ ကယားပြည်နယ်လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးကျော်လင်းအောင်မှ စီမံကိန်းလုပ်ငန်း စဉ် အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ လောပိတကျေးရွာ စီမံကိန်း ကော်မတီ ဝင် တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီးနောက် လောပိတ ကျေးရွာနေကလေးငယ်များမှ ဦးရွှေရိုး အက ဖြင့် ကပြဖျော်ဖြေခြင်းများဆောင်ရွက်ပြီး 

         ဆက်လက်၍ ခန်းမဆောင် တည်ဆောက် ခြင်းတွင် ရန်ပုံငွေ ထည့်ဝင် လှူဒါန်းပေးပါသော လောပိတကျေးရွာ လူထု အား ဂုဏ်ပြုမှတ်တမ်းလွှာ အားကယားပြည်နယ်ကျးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးကပြဖျော်ဖြေပေးခဲ့သောကလေးသူငယ်များအားဝန်ကြီးချုပ်မှဂုဏ်ပြုဆိုတော်ငွေချီးမြင့်ခြင်းများဆောင်ရွက်ခဲ့ပါသည်။ဦးစောဒီးဒီမှပေးအပ်ရာ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဥက္ကဌ ဦးတင်ထွန်းနိုင်မှလက်ခံရယူခဲ့ပြီး ခန်းမဆောင်အတွက် လိုအပ်သော ပလပ်စတစ်ထိုင်ခုံ ဝယ်ယူရန် ငွေကျပ် (၅) သိန်း ထောက်ပံပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဦးဘောစ့်ကို၊ ဗမာတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးဦးလှမျိုးဆွေနှင့် လောပိတကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်မောင်တို့ မှ  ဖဲကြိုးဖြတ် ခန်းမဆောင်အားဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လုပ်ငန်းဆိုင်း ဘုတ်အား အမွှေးနံ့သာရည်များ ဖြန်းပက်ခဲ့ပြီး နောက်တက်ရောက်လာသူများမှတ်

တမ်း တင်ဓါတ်ပုံ ရိုက်ကူးခြင်းများဆောင်ရွက်ပြီး နောက် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။