ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ပွဲဆွေးနွေးပွဲကျင်းပ

မေ (၂၃) ဓနုဖြူ

   ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) မြို့နယ် အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ပွဲဆွေးနွေးပွဲအခမ်းအနားကို (၂၃.၅.၂၀၁၉) ရက်နေ့ နံနက် (၉:၀၀)နာရီ ၊ဓနုဖြူမြို့နယ် ပြည်လုံးချမ်းသာစေတီအရှေ့ဘက်မုဒ်ရှိတရားဟောခန်းမတွင် ကျင်းပပြုလုပ်ရာ စီမံကိန်းမန်နေဂျာ ဦးလှခိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် ဒေါ်သင်္ဂီမင်းမှ စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းပြောကြား၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  ကျေးရွာအုပ်စု /ကျေးရွာကော်မတီဝင်များတက်ရောက်ခဲ့ပါသည်။

  တက်ရောက်လာသူများမှ စီမံကိန်း၏သက်ဆိုင်ရာ ကဏ္ဍအလိုက်အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့်ဂျူရီအဖွဲ့မှ စီမံကိန်းဆောင်ရွက်မှု အကောင်းဆုံးကျေးရွာ/ ကျေးရွာအုပ်စုများအား အမှတ်ပေးရွေးချယ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍ ဆုရကျေးရွာ/ကျေးရွာအုပ်စုများအား ဆုချီးမြှင့်ခြင်းတို့ဆောင်ရွက်လျက်ရှိပြီး လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်နေသော မြို့နယ်များအနေဖြင့် စီမံကိန်းလေးနှစ်တာဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာအားလုံးအတွက် လိုအပ်သော အခြေခံအဆောက်အဦများကို စီမံကိန်းရန်ပုံငွေဖြင့် တည်ဆောက် ပြုပြင်ပေးခြင်းဖြစ်သည်။