ရှားတောမြို့နယ်၊ ဒေါကလော်လဲကျေးရွာ၏ခန်းမဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

လွိုင်ကော်၊ ဧပြီလ (၉) ရက်

             စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်သော လွိုင်ကော်၊ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှတတိယနှစ်စက်ဝန်းအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော ရှားတောမြို့နယ်ရှိ ဒေါကလော်လဲကျေးရွာ၏ခန်းမဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား ယနေ့( ၉.၄.၂၀၁၉) ရက်နံနက် (၁၀းဝဝ) ချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

             အခမ်းအနားတွင် ရှားတောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းမှ  အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်မှ စီမံကိန်းအကြောင်းရှင်းလင်းပြောကြားခဲ့ပြီးနောက် ဒေါကလော်လဲကျေးရွာ၏စီမံကိန်းအထောက်အကူပြုကော်မတီဥက္ကဌဦးစေရယ် မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါပြီးနောက် ကျေးရွာရှိလူငယ်မောင်မယ်များမှ ရိုးရာအက အလှများဖြင့်ကပြဖျော်ဖြေခဲ့ပါသည်။ ထို့နောက်ခန်းမဆောင်သစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း လုပ်ငန်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့်ပက်ဖြန်းပြီးနောက် တက်ရောက်လာသူများမှ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြကာ အခမ်းအနားအားအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

           ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားသို့ ရှားတောမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်း၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုး၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်နှင့်အတူ ပြည်နယ်စီမံကိန်းတာဝန်ခံ၊ ရှားတောမြို့နယ်အထွေထွေအုပ်ချုပ်ရေမှူးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအသီးသီးများ၊ ကျေးရွာလူထုကော်မတီဝင်များတက်ရောက်ခဲ့ကြပြီး ယခုခန်းမဆောင်သစ်အား စီမံကိန်းထောက်ပံ့ငွေ( ၁၇ဝဝဝဝဝဝ/-)ကျပ်၊ လူထုထည့်ဝင်ငွေ (၂၄၇၉၉၀၀/-) ဖြင့်စုစုပေါင်းကုန်ကျငွေ (၁၉၄၇၉၉၀၀/-) ကျပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။