တနင်္သာရီ၌လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း၊သတင်းပြန်ကြားဆက် သွယ်ရေးနှင့်မှတ်တမ်းဓာတ်ပုံပြခန်း၌ဗလာမပါအမှတ်တရလက်ဆောင်များချီးမြှင့်ပေးအပ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှကြီးမှူးပြီး တနင်္သာရီမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများအကြောင်းကို ကျေးရွာနေပြည်သူလူထုအထိ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးရည်ရွယ်လျက် တကူကေရွာ-ဇီဝိတဒါနသံဃာ့ဆေးရုံဖွင့်ပွဲ အထိမ်းအမှတ်အစီအစဉ် တေးဂီတ ဖျော်ဖြေပွဲနှင့်အတူ မတ်လ၂၆နှင့်၂ရရက်နေ့ ည ရနာရီအချိန်မှစ၍ သတင်းပြန်ကြား၊ဆက်သွယ်ရေးနှင့်မှတ်တမ်း ဓာတ်ပုံပြခန်းပြသ၍ နှစ်ညတိုင်တိုင်စီမံကိန်းလုပ်ငန်းစဉ်ဆိုင်ရာ မေးခွန်းမေးမြန်းခြင်းဖြင့် ဖြေကြားသူအားလုံးအားဗလာမပါကံစမ်းမဲအဖြစ် လူထုဗဟိုပြုစီမံကိန်း Logo တံဆိပ်ပါ ဦးထုပ်၊ဘောလ်ပင်၊အကျီင်္နှင့်ကျောပိုးအိတ်တစ်လုံး စီကို အမှတ်တရလက်ဆောင်အဖြစ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

၄င်းသတင်းပြန်ကြား၊ဆက်သွယ်ရေးနှင့်မှတ်တမ်းဓာတ်ပုံပြခန်းကို စီမံကိန်းအကောင်အထည်ဖော်ရာတွင်သတင်းပြန်ကြားရေး၏ အခန်းကဏ္ဍအရေးပါမှုနှှှင့်စီမံကိန်းလုပ်ငန်းများ၏လုပ်ဆောင်ချက်များ၊ စီမံလုပ်ငန်းခွဲမှတ် တမ်းဓာတ်ပုံများ၊ လက်ကမ်းစာစောင်နှင့်စီမံကိန်းဆိုင်ရာစာအုပ်စာစောင်များများ၊ ရည်ရွယ်ချက်များကို အများပြည်သူလေ့လာသိရှိနိုင်ရန် ပြခန်းအတွင်းပြသထားပေးခဲ့ကြောင်း သိရသည်။

 

Documents: