လူထုဗဟိုပြုစီမံကိန်းဖြင့် ဆောင်ရွက်သော ရေတာရှည်မြို့နယ်၊ ဆွာရေဘေးသင့် ကုန်းကြီးကျေးရွာ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဆွာရေဘေးသင့်ကျေးရွာဖြစ်သော ကုန်းကြီးကျေးရွာ စာသင်ကျောင်းဆောင်သစ် (၆၀'* ၃၀') steel structure ကုန်ကျငွေ (၃၆၀၀၀၀၀၀/) ဖွင့်ပွဲအခမ်းအနားအား (၂.၄.၂၀၁၉)ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး စာသင်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းဆရာ/မများ၊ ကျေးရွာကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာလူထုများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး၊ တောင်ငူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးနှင့် ကျေးရွာရပ်မိရပ်ဖ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စာသင်ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။