ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းခွဲသို့ကွင်းဆင်းကြည့်ရှု

မယ်စဲ့မြို့ မတ်လ (၁)ရက်

           ကယားပြည်နယ်၊ ဘောလခဲ၊ဖားဆောင်း၊မယ်စဲ့မြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော  ကျောက်စု ကျေးရွာ၏ ကျေးရွာဖွံ့ဖြိုးရေး ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းသို့ ယနေ့(၁.၃.၂၀၁၉)ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရုံးချုပ်)မှ ဦးမျိုးနိုင်အောင်၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင် နှင့်အတူတာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

            အဆိုပါကွင်းဆင်းကြည့်ရှုမှုအတွင်း ကျေးရွာလူထုများ၊ လူထုဗဟိုပြုစီမံကိန်းကော်မတီဝင်များ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများမှ စီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်ထားရှိမှုအပေါ် လိုအပ်ချက်များအားဖြည့်စွက်လမ်းညွန်မှုများဆောင်ရွက်ခဲ့ပါသည်။

             ကျောက်စု ကျေးရွာ၏ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့မှပူးပေါင်း၍ အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ကယားပြည်နယ်၊ ဘောလခဲ၊ဖားဆောင်း၊မယ်စဲ့မြို့နယ်လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စီမံကိန်း စက်ဝန်းတွင်အကောင်အထည်ဖော်ဆောင်ရွက်နေသည့်စီမံကိန်းလုပ်ငန်းခွဲဖြစ်ပြီး စီမံကိန်းထောက်ပံ့ငွေစုစုပေါင်း(သိန်း ၁၅၀/-) ကျပ်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။