ကွမ်းခြံကုန်းမြို့နယ် တိုက်ကြီးကျေးရွာအုပ်စု၊ ထင်းပုံကျေးရွာတွင် လူထုစစ်ဆေးပွဲ၊ သတင်းပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓါတ်ပုံပြပွဲနှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပပြုလုပ်ခြင်း

ဖေဖော်ဝါရီ ၂၇ ရက်

 

ကွမ်းခြံကုန်းမြို့နယ် တိုက်ကြီးကျေးရွာအုပ်စု၊ ထင်းပုံကျေးရွာ ထင်းပုံဓမ္မာရုံဘုန်းတော်ကြီးကျောင်း တွင် လူထုစစ်ဆေးပွဲ၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဓါတ်ပုံပြပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။   ဆက်လက်ပြီး ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ ဒုတိယစီမံကိန်းတာဝန်ခံဦးတန်ဂျီး၊သတင်းအချက်အလက်ပြန်ကြားဆက်သွယ်ရေးတာဝန်ခံဒေါ်မေမျိုးဟန်၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်သန်းအေး၊ လူထုဗဟိုပြုစီမံကိန်းအဖွဲ့ခေါင်းဆောင် အငယ်တန်းအင်ဂျင်နီယာ-၂ ဦးဟိန်းသူ၊ မြို့နယ်စီမံကိန်းအကြံပေးအဖွဲ့ခေါင်းဆောင်ဒေါ်စန်းစန်းနွဲ့၊လူထုဗဟိုပြုစီမံကိန်းမှဝန်ထမ်းများ၊         ကျေးရွာလူထုဗဟိုပြုစီမံကိန်းကော်မတီများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့် ကျေးရွာသူ     ကျေးရွာသားများတက်ရောက်ခဲ့ကြပါသည်။ လူထုစစ်ဆေးပွဲတွင် စီမံကိန်းတတိယနှစ်အတွင်း ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းစဉ်တလျှောက်လုံး အားနည်းချက် အားသာချက်များ သုံးသပ် အကြံပြုချက်များကို လူထုကိုယ်တိုင် ဖော်ထုတ်ပေးခဲ့ခြင်း၊ စီမံကိန်းအပေါ်အားရ ကျေနပ်မှုများကို တက်ရောက်လာကြသော ကျေးရွာလူထုမှ မဲပေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ လူထု စစ်ဆေးပွဲအပြီးတွင် စီမံကိန်းသတင်းပြန်ကြားရေးနှင့် မှတ်တမ်းဓါတ်ပုံပြပွဲ၏ မေးကြည့် ဖြေကြည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအကြောင်းအရာ သတင်းအချက်အလက်များအပေါ် မေးခွန်းများမေးမြန်းကာ အဖြေမှန်ကန်စွာ ဖြေဆိုနိုင်သူများကို စီမံကိန်းမှ စီမံကိန်းအမှတ်တံဆိပ်ပါ ဘောပင်၊ တီရှပ်၊ ဦးထုတ်၊ မိုးကာအိကျီင်္နှင့် ကျောပိုးအိတ်များကို အမှတ်တရ လက်ဆောင်များအဖြစ် ပြန်လည်ပေးအပ်ခဲ့ပါသည်။ ယခုကဲ့သို့ အခမ်းအနားများကို ကျင်းပ ဆောင်ရွက်ပေးရခြင်းဖြင့် စီမံကိန်းနှင့် ပတ်သက်သော

  • စီမံကိန်းသတင်းအချက်အလက် သိရှိနားလည်မှု ပိုမိုတိုးပွား ပြန့်ပွားလာစေခြင်း၊
  • စီမံကိန်း၏ တာဝန်ယူမှု တာဝန်ခံမှု မြင့်မားလာစေခြင်း၊
  • လေ့လာသင်ယူမှု မြင့်မားလာစေခြင်း၊
  • အကြံပေးမှုတိုးတက်ဖြစ်ပေါ်လာစေခြင်း၊
  • Ownership mindset အပေါ် သိရှိနားလည်စေခြင်းနှင့်
  • ကျေးရွာ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိလာသည် အောင်မြင်မှုရလာဒ် အသီးအပွင့်များကို ရယူအသုံးပြုတတ်စေလိုသည့် ရည်ရွယ်ချက်များဖြင့်ပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း သတင်းရရှိပါသည်။