ကျောက်ချောလမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

လွိုင်ကော်၊ ဖေဖော်ဝါရီ( ၁၈) ရက်

            စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်သော လွိုင်ကော်၊ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ တတိယနှစ်စီမံကိန်းစက်ဝန်းအတွင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွဲများအနက် စီမံကိန်း၊ကော်မတီဝင်များ၊ကျေးရွာလူထု ၊စီမံကိန်းနှင့်ပါဝင်ပက်သက်များ မှ ပူးပေါင်းမှုအားကောင်းစွာဖြင့် တတိယနှစ်စက်ဝန်းအတွင်း ပထမဦးဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ပန်ကန်းကျေးရွာအုပ်စု၊ ထူဒူငံသကျေးရွာ၏ ရွာတွင်းကျောက်ချောလမ်းဖွင့်ပွဲအခမ်းအနားအား ယနေ့(၁၈.၂.၂၀၁၉)ရက်နံနက်(၉း၃၀) အချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

            အခမ်းအနားမစတင်မီ ကျေးရွာလူထုတို့မှတိုင်းရင်းသားရိုးရာအက များဖြင့် တင်ဆက်ကပြခဲ့ကြပြီး နောက်ဖွင့်ပွဲအခမ်းအနားအားဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် ကယား ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးကျော်သူအောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ကယားပြည်နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးကျော်လင်းအောင်မှစီမံကိန်းလုပ်ငန်းစဉ်အကြောင်းရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျေးရွာစီထောက်ကော်မတီဥက္ကဌမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ထို့နောက်တာဝန်ရှိသူများမှကျေးရွာကျောက်ချောလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် လုပ်ငန်းဆိုင်းဘုတ်အားအမွေးနံ့သာရည်ဖြင့်ပက်ဖြန်းကာ တက်ရောက်လာသူများနှင့်အတူစုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

         ဖွင့်ပွဲအခမ်းအနားသို့ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်၊ကယားပြည်နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးကျော်လင်းအောင်နှင့် အတူလွိုင်ကော်ကျေးလက်မြို့နယ်ဦးစီးမှူး၊လွိုင်ကော်၊ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံများ၊ဖိတ်ကြားထားသောဧည့်သည်တော်များ၊စီမံကိန်းဝန်ထမ်းများ၊ကော်မတီဝင်များနှင့်ကျေးရွာလူထုများမှတက်ရောက်ခဲ့ကြပါသည်။