သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှုမူဘောင်အတွက် အကြံဉာဏ်ရယူခြင်း အစည်းဝေး(မန္တလေး)ကျင်းပ

၂၃.၅.၂၀၁၇

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှုမူဘောင်အတွက် အကြံဉာဏ်ရယူခြင်း အစည်းဝေးကို မန္တလေးတိုင်းဒေသကြီး စွမ်းဟိုတယ်တွင် ယနေ့ (၂၃.၅.၂၀၁၇) တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ကျေးလက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ညိုညိုဝင်းနှင့် တာဝန်ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များ INGO/ NGO များ ဌာနဆိုင်ရာ အဖွဲ့အစည်းများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ကြသည်။ ကျေးလက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးမှ လူထုဗဟိုပြုစီမံကိန်းတွင် ဆောင်ရွက်နေသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုမူဘောင်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးတိုင်ပင်ခြင်းတို့ ပြုလုပ်ခဲ့ပြီး ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့၍ အစည်းအဝေးအောင်မြင်စွာ ပြီးစီးခဲ့သည်။