မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ

ဒီးမော့ဆို ဇွန် (၂၆)ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ တတိယနှစ်စီမံကိန်းစက်ဝန်း၏မြို့နယ်အဆင့်သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားအား ဒီးမော့ဆိုမြို့၊ စိန်ဂျိုးဇက်ခန်းမဆောင်၌(၂၆.၆.၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သူအောင် ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ ဒုတိယစီမံကိန်းတာဝန်ခံ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ NGOs, INGOs, CSO အဖွဲ့များ၊ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ/သားများ၊ လူထုဗဟိုပြုစီမံကိန်းရုံးမှ ဝန်ထမ်းများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်သူဦးရေ(၃၂၉)ဦး တက်ရောက်ခဲ့ပါသည်။