ဆောမြို့နယ်၊ သိန်းကျင်းကျေးရွာတွင် လူထုစစ်ဆေးပွဲ ကျင်းပပြုလုပ်

 

 

ဆော မေလ၊ ၁၆

        ဆောမြို့နယ် ၊ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)ဆီမီးကျေးရွာအုပ်စု သိန်းကျင်းကျေးရွာ စာသင်ကျောင်းဆောင်တိုးချဲ့ခြင်းလုပ်ငန်း လူထုစစ်ဆေးပွဲကို (15.5.2019)ရက်​​နေ့ မနက်၈နာရီတွင် စတင်ကျင်းပခဲ့သည်။ပထမဦးစွာ ရွာခွဲတာဝန်ခံ ဦးထွန်းဝေမှအဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက်စည်းရုံးရေးမှူးမှလူထုစစ်​​ဆေးပွဲရည်ရွယ်ချက်ကို ပြောကြားပြီး သက်ဆိုင်ရာကော်မတီများမှ အသီးသီးအားတင်ပြကြာ စိတ်ကျေနပ်မှုမဲရလဒ်အား လက်ထောက်နည်းပညာမှူးမှ ရှင်းလင်းပြီး မဲပေးခဲ့ကြပါသည်။ထို့နောက် အားနည်းချက်/အားသာချက်နှင့် တိုးတက်ဖို့လိုအပ်သည့်အကြောင်းအရာများကို ကော်မတီ(အမျိုးသား)ကော်မတီ(အမျိုးသမီး)ကျေးရွာလူထု(အမျိုးသား)ကျေးရွာလူထု(အမျိုးသမီး) အဖွဲ့(၄ဖွဲ့) ခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ဆွေးနွေးချက်များကို လူထုစည်းရုံးရေးမှူးမှ အနှစ်ချုပ်ရှင်းလင်းပြီး ကျေးရွာကိုယ်စားလှယ် ဦးဝင်စမောင်မှ လူထုစစ်ဆေးပွဲနှင့်ပတ်သက်၍ မှတ်ချက်ပေးကာ နေ့လည် ၁၂ နာရီတိတိတွင် အစည်းအဝေးကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။အစည်းအဝေးပြီးဆုံးချိန်တွင် သိန်းကျင်းကျေးရွာမှ ကျောင်းသား/ကျောင်းသူလေးများမှ အကအလှများနှင့် ဖျော်ဖြေပြီး အစည်းအဝေးတက်ရောက်လာသူများအား ကြာဆံဟင်းခါး တိုက်ကြွေးခဲ့ပါသည်။အဆိုပါလူထုစစ်ဆေးပွဲတွင် အမျိုးသား(21 ဦး) အမျိုးသမီး (60ဦး) စုစုပေါင်း (81ဦး) တက်ရောက်ခဲ့ကြပါသည်။

သိန်းကျင်းကျေးရွာ စာသင်ကျောင်းတိုးချဲ့ခြင်းလုပ်ငန်းမှာ အတိုင်းအတာ (၉၀'x၃၀'x၁၂') ရှိ၍ စီမံကိန်းထောက်ပံ့ငွေမှ သုံးစွဲငွေ 6321500/- ကျေးရွာလူထုထည့်ဝင်ငွေ 475000/- စုစုပေါင်းကုန်ကျငွေ 6796500/- ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါလုပ်ငန်းခွဲသည် ကျေးရွာအတွင်းရှိ အမျိုးသား(131ဦး) အမျိုးသမီး (168ဦး) စုစုပေါင်း (299ဦး) အကျိုးခံစားခွင့်ရှိမည်ဖြစ်ပါသည်။

စိုးမိုးကျော်