လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း သုံးလပတ် အစည်းအဝေးကျင်းပ

၂၃-၃-၂၀၁၇  နေပြည်တော်

ကမ္ဘာ့ဘဏ်ဧ။်ထောက်ပံ့မှုဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြှောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း သုံးလပတ် အစည်းအဝေးကို (၂၃-၃-၂၀၁၇)ရက်နေ့ နံနက် ၉ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန(MICC II) Delegate Room ၌ ကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အမှာစကားပြောကြားရာတွင် စီမံကိန်းဆောင်ရွက်နေသော မြို့နယ်အဟောင်းများအနေဖြင့် သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန်၊ မြို့နယ်အသစ်များအနေဖြင့်လည်း အမြန်လုပ်ငန်းစတင်ဆောင်ရွက်နိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် သတ်မှတ်ထားသောအချိန်ကာလအတွင်း စီမံကိန်းလုပ်ငန်းများ ပြီးစီအောင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါတယ်။ စီမံကိန်းလုပ်ငန်းခွဲများဆောင်ရွက်ပြီးသည့်အခါမှာလည်း မြို့နယ်များအနေဖြင့် လုပ်ငန်းတစ်ခုချင်းစီအလိုက် ဌာနဆိုင်ရာများအာလုံးအားဖိတ်ပြီး သက်ဆိုင်ရာဌာနများသို့ စနစ်တကျလုပ်ငန်းများအပ်နှံသွားကြရန်၊ မြို့နယ်များ အချင်းချင်း တိုင်းဒေသကြီး/ ပြည်နယ်များအချင်းချင်း ပြည်ထောင်စုဝန်ကြီးဌာနများအချင်းချင်း အဆင့်ဆင့်လုပ်ငန်းများ အပ်နှံသွားကြရမှာဖြစ်ပါတယ်။ တိုင်ဒေသကြီး/ပြည်နယ်စီမံကိန်း တာဝန်ခံများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အစည်းများအား စီမံကိန်းအကြောင်းအသေးစိတ်သိရှိအောင်နှင့် အားလုံးက စိတ်ဝင်စားလာစေရန်နှင့် အားလုံးပါဝင်လာအောင် ဆောင်ရွက်ကြရန်မှာကြားပါသည်။

နိဂုံးချုပ်အနေဖြင့် လာမည့်နှစ်များတွင် မြို့နယ်များရှိ ဝန်ထမ်းများအားလုံး စီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ စီမံကိန်းတာဝန်ခံများ၊ စီမံကိန်းမြို့နယ်များမှ စီမံကိန်းတာဝန်ခံများ၊ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်များနှင့် ပြည်ထောင်စုအဆင့်မှ စီမံကိန်းဝန်ထမ်းများတက်ရောက်ကြပြီး အစည်းအဝေးကို (၂) ရက်တာကျင်းပမည် ဖြစ်သည်။