လူထုဗဟိုပြု စီမံကိန်း ဝယ်ယူရေးဆိုင်ရာ မွမ်းမံသင်တန်း မိုင်းခတ်မြို့နယ်တွင် ပို့ချ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းခတ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ကျေးရွာအဆင့် ဝယ်ယူရေးဆိုင်ရာ မွမ်းမံသင်တန်းကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

သင်တန်းကို မိုင်းခတ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝယ်ယူရေး တာဝန်ခံ ဦးရန်နိုင်ထူး၊ လူထုစည်းရုံးရေးမှူး ဒေါ်နန်းကျန်ယုံ၊ ဒေါ်နန်းစီဝမ်ကျောက်တို့မှ ရှမ်းဘာသာနဲ့ ပို့ချပေးခဲ့ပြီး၊ ကျေးရွာ ၁၃ ရွာက ရှမ်းလူမျိုးစု ဝယ်ယူရေး ကော်မတီ ကျား ၂၂ ဦး၊ မ ၁၃ ဦးတို့ တက်ရောက်ကြပါ တယ်။

 

အဲဒီသင်တန်း ပြုလုပ်ရခြင်းဟာ စီမံကိန်း လုပ်ငန်းခွဲတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကျေးရွာ အဆင့် ဝယ်ယူရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တတ်လာစေဖို့ ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ် ဖြစ်ပေါ်လာစေဖို့နဲ့ ကျေးရွာအဆင့် ဝယ်ယူရေး ကော်မတီတွေကို ပံ့ပိုးကူညီသွားနိုင်ဖို့ ဖြစ်ပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်