မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ

လွိုင်ကော် ဇွန်လ ၂၀၁၈ခုနစ်

စိုိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့မှပူးပေါင်းအကောင်အထည်​​ဖော်​​ဆောင်ရွက်​​သော လွိုင်ကော်၊ ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ သက်ဆိုင်သူအဖွဲ့အစည်းအားလုံးမှအတူတကွပူးပေါင်းသင်ယူတတ်ရန် ၊ ပြီးခဲ့သည့် စီမံကိန်းတွင် ကြုံတွေ့ခဲ့မှုများအပေါ် သင်ခန်းစာယူပြီး နောက်လာမည့်နှစ်တွင် စီမံကိန်းအား မည်ကဲ့သို့ ပိုမို ကောင်းမွန်လာအောင် သုံးသပ်ဆွေးနွေးအကြံများ ပေးခြင်းတို့ဖြင့် ကျေးရွာလူထုအနေဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်တတ်လာပြီး လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများကို ပိုမိုအောင်မြင်ရေး အထောက်အကူပြု နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အားယနေ့(၂၀.၆.၂၀၁၈)ရက်​​နေ့၊နံနက် (၉းဝ၀)နာရီအချိန်တွင် လွိုင်ကော် မြို့နယ်ခန်းမတွင်ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ နေပြည် တော် စီမံကိန်းကိုယ်စားလှယ်အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီမံကိန်းကျေးရွာကော်မတီများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားအား လွိုင်ကော် - ရှားတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံး ဝန်ထမ်းများမှ " လှတဲ့အအနာဂတ်ဆီ " သီချင်းနှင့်သီဆိုဖျော်​​ဖြေပြီး၊ ပအိုဝ်းတိုင်းရင်းသူ/သားတို့မှ ပအိုဝ်းတိုင်းရင်းသားရိုးရာအကဖြင့်ကပြဖျော်​​ဖြေ၍အခမ်းအနားအားစတင်ကာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို မှ အဖွင့်အမှာစကားပြောကြား ရာတွင် လူထုဗဟိုပြုစီမံကိန်းကြောင့် ကျေးရွာလူထုအနေနဲ့ စီးပွားရေး၊ ပညာရေး ၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးများ တိုးတက် ကောင်းမွန်လာသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ လည်း ရရှိလာပြီး တန်းတူပူးပေါင်းပါဝင်ခွင့် ၊ လူတန်းစားမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး ၊ ကျား/မ မရွေးပါဝင် ဆောင်ရွက်ခွင့် ၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု ၊ တာဝန်ခံမှု အလေ့အထများ တိုးပွားလာခြင်း ၊ ကျေးရွာလူထုအနေဖြင့် အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်တတ်တဲ့အလေ့အထများ ရရှိလာခြင်း၊ လုပ်အားခများ တစ်ဦးချင်း ဝင်ငွေတိုးပွားလာတဲ့အပြင် နည်းပညာစွမ်းရည်တိုးမြှင့်လာမှုကြောင့် ဝင်ငွေပိုမိုရရှိသည့် အခြားစီးပွား လုပ်ငန်းများသို့ သွားရောက်လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်​​ကြောင်း၊ ယခုသုံးသပ်ဆွေးနွေးပွဲသည် လူထုဗဟိုပြုစီမံကိန်းရဲ့ အောင်မြင်မှုနဲ့ စိန်ခေါ်မှုများအပေါ် အခမ်းအနားတက်ရောက် လာကြတဲ့ ပုဂ္ဂိုလ်များမှ အပြုသဘော ဆောင်ပြီး ဝေဖန်သုံးသပ်ပေးကြရန်နှင့် စီမံကိန်းအား ယခုထက် ပိုမိုအောင်မြင်လာအောင် ၀ိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသွားပါသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို မှ အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် လေးအိမ်စုသားငယ်သမီးငယ်​​လေးများမှ ကယားတိုင်းရင်းသားရိုးရာအကဖြင့်ကပြဖျော်​​ဖြေပြီးနောက် လွိုင်ကော် - ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ်စီမံကိန်းလုပ်ငန်းစဉ်အကြောင်းအား စီမံကိန်း တာဝန်ခံ ဦးတင်ကိုလတ်မှ ရှင်းလင်းပြောကြပြီး တက်ရောက်လာသူများမှ စီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပွင့်လင်းစွာဆွေးနွေးခြင်း၊ စီမံကိန်းလုပ်ငန်း အားနည်းချက်၊ အားသာချက်များကို အုပ်စု (၇)စုခွဲ၍ ဆွေးနွေးခြင်း၊ ဂျူရီအဖွဲ့များမှ အကဲဖြတ်အမှတ်ပေးခြင်း၊ ဆွေးနွေးထားသည့် အကြောင်းအရာများကို ပြန်လည်တင်ပြခြင်းများ ပြုလုပ်ခဲ့သည်။ ဆက်လက်၍ ဒုတိယနှစ်စီမံကိန်းစက်ဝန်းအတွင်း လုပ်ငန်းဆောင်ရွက်မှု အကောင်းဆုံး ဆုများရွေးချယ်ရေး လုပ်ငန်းစဉ်များအား မြို့နယ်စီမံကိန်းနည်းပညာအကြံပေးခေါင်းဆောင် ဒေါ်နော်ဂျူးလစ်မှ ရှင်းလင်းတင်ပြကာ စီမံကိန်း ဒုတိယနှစ်စက်ဝန်းအတွင်း လုပ်ငန်းဆောင်ရွက်မှု အကောင်းဆုံးလုပ်ဆောင်ခဲ့သော ကျေးရွာအုပ်စုအဆင့် / ကျေးရွာအဆင့် ပထမ၊ ဒုတိယ၊ တတိယ အကောင်းဆုံးဆုများကြေငြာကာ တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။ ယင်းနောက် လွိုင်ကော် ဒု-မြို့နယ်အုပ်ချုပ်​​ရေးမှူး ဦးအောင်ကိုလတ်မှ ကျေးဇူးတင်စကားပြောကြားပြီး ကယား ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးမှူး ဦးကျော်သူအောင်မှ နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ပါသည်

 

(လွိုင်​​ကော်မြို့နယ်၏အကောင်းဆုံးကျေးရွာအုပ်စုများ-

(၁)လောပိတအုပ်စု = ပထမဆု

(၂)နွားလဝိုးအုပ်စု = ဒုတိယဆု

(၃)နိုးကိုးအုပ်စု = တတိယဆုတို့ဖြစ်ကြပြီး

ကောင်းဆုံးကျေးရွာများမှာ-

(၁) လေးအိမ်စုကျေးရွာ = ပထမဆု

(၂) ဝမ်​​ငေါ့ကျေးရွာ =ဒုတိယဆု

(၃) ဝမ်ကုန်ကျေးရွာ = တတ်ိယဆု နှင်

ရှားတောမြို့နယ်၏အကောင်းဆုံးကျေးရွာများမှာ-

(၁) ဒေါဝယ်​​ရောကျေးရွာ = ပထမဆု

(၂) မြောက်ရွာကျေးရွာ = ဒုတိယဆု

(၃) စလောင်ကျေးရွာ = တတိယဆု

တို့ဖြင့်အသီးသီးဆွတ်ခူးရရှိခဲ့ကပါသည်။)