ချင်းပြည်နယ်၊ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ချင်းပြည်နယ်၊

မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း၊မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို မတူပီမြို့၊ ဘုံတလာခန်းမ၌ (၁၇.၈.၂၀၁၈) ရက်နေ့၊ နံနက် (၉:၀၀)နာရီမှ စတင်၍ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးရဲမင်းကျော်(ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မတူပီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးမှ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီနှင့်ပတ်သက်၍ဆွေးနွေးတင်ပြခဲ့ပါသည်။

မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် ကျေးရွာအုပ်စုပေါင်း(၆၂)အုပ်စု၊ ကျေးရွာပေါင်း(၁၄၉)ရွာ၌ လမ်းလုပ်ငန်း(၇၀)ခု၊ တံတားလုပ်ငန်း(၈)ခု၊ ရေပေးရေးလုပ်ငန်း(၂၇)ခု၊ မီးလင်းရေးလုပ်ငန်း(၁၂)ခု၊ ကျောင်းဆောင်(၁၂)ခု၊ ခန်းမဆောင်(၁၇)နှင့် အခြားလုပ်ငန်း(၈)ခု၊ စုစုပေါင်းစီမံကိန်းလုပ်ငန်းခွဲ (၁၅၄) ခုအား စီမံကိန်း ထောက်ပံ့ငွေကျပ်(၁၃၆၄)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားတွင် ဒုတိယနှစ်စီမံကိန်းစက်ဝန်းအတွင်း အကောင်းဆုံးလုပ်ငန်းဆောင်ရွက်နိုင်ခဲ့သော ကျေးရွာအုပ်စုနှင့် ကျေးရွာများကို ရွေးချယ်ရာ ကျေးရွာအုပ်စုအဆင့်တွင် တန်ကူကျေးရွာ အုပ်စုမှ ပထမ၊ ဝေးလူကျေးရွာအုပ်စုမှ ဒုတိယ၊ ရမ်တိန်းကျေးရွာအုပ်စုမှ တတိယဆုများအားလည်းကောင်း၊ ကျေးရွာအဆင့်တွင် လေရိန်း(က)ကျေးရွာမှ ပထမ၊ ဆာတဲကျေးရွာမှ ဒုတိယ၊

ဒိုင်နှမ်းကျေးရွာမှ တတိယဆုများအားလည်းကောင်း အသီးသီး ဆုရရှိခဲ့ကြပါသည်။ ဆုရရှိသော ကျေးရွာများအား တာဝန်ရှိသူများမှ ဆုချီးမြှင့်ခဲ့ကြရာ ကျေးရွာကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူး တင်စကားပြောကြားပြီး၊ မင်းတပ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌန၊ ခရိုင်ဦးစီးမှူးဦးကျော်ကျော်မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းဖြင့် အခမ်းအနားကို ညနေ(၃:၃၀) နာရီခန့် အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။

အခမ်းအနားတွင် ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မင်းတပ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်မတူပီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၊ NGOs၊ INGOs ဝန်ထမ်းများ၊ မီဒီယာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာကော်မတီဝင်များ၊ လူဦးရေပေါင်း (၃၅၀) ခန့် တက်ရောက်ခဲ့ကြပါသည်။