ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စုရှိ ရခိုင်ကုန်းကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပပြုလုပ်ခြင်း

ဇွန်လ (၉) ရက်

   ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ငပုတောမြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်) စက်ဝန်းအကောင်အထည်ဖော်ဆောင်ရွက်နေသော ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာ ၏ ကွန်ကရစ်လမ်း အတိုင်းအတာ (၁၆၃၀' x၁၂'x၆")၊ စီမံကိန်းထောက်ပံ့ငွေ (၁၇၂၉၉၄၀၅/-)နှင့်၊ ကျေးရွာလူထု ထည့်ဝင်ငွေ (၆၇၀၀၂၀ဝိ/-) ၊ စုစုပေါင်း (၂၃၉၉၉၆၀၅/-) အား (၂၉.၁.၂၀၁၉) ရက်နေ့တွင် လုပ်ငန်းစတင်၍ (၃၀.၄.၂၀၁၉) ရက်နေ့တွင် လုပ်ငန်းပြီးစီး၍ (၉.၆.၂၀၁၉) ရက်နေ့တွင် ရခိုင်ကုန်းကျေးရွာ၌ ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်၊တိုင်းဒေသကြီး (၁) ကိုယ်စားလှယ် ဒေါက်တာစိုးသိမ်း၊မြို့နယ်အဆင့်ဌာဆိုင်ရာအဆင့်ဌာနဆိုင်ရာများနှင့်ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာသူ/ ကျေးရွာသားများတက်ရောက်ခဲ့ပါသည်။