ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအစည်းအဝေး ကျင်းပ

(၃၁.၁.၂၀၁၈)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဆီဆိုင်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်၊ ပြည်နယ်ဝန်ကြီးမှ စီမံကိန်းဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ ဥက္ကဌမှ စီမံကိန်းဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှု ရလဒ်များအားပြောကြားခဲ့ပါသည်။ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှလည်း စီမံကိန်းစက်ဝန်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ ဆွေးနွေးခြင်း အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ညနေ(၁၅း၃၀)တွင် ပြီးမြောက်ခဲ့ ပါသည်။ လူဦးရေး(၈၈၀) ခန့်တက်ရောက်ခဲ့ပါသည်။