Department of Rural Development Implementing Cash for Work and Village Revolving Fund Project Activities across the Country

NCDDP

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) တို့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိ

Saturday, 01 August 2020, MRTV Media Coverage

နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေး ကုစားမှု အစီအစဉ် COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက် ရှိတဲ့ Cash for Work စီမံကိန်းနဲ့ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) တို့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာမှာ ကချင်ပြည်နယ် ပူတာအို မြို့နယ် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘို ခရိုင် ခင်ဦးမြို့နယ်၊ ကလေး ခရိုင် ကလေးဝ မြို့နယ်၊ ကျော်ဇင် ကျေးရွာအုပ်စု၊ အုန်းပင်စု ကျေးရွာ မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ငါးဇွန်မြို့နယ်၊ ကျောက်ဆည် မြို့နယ်၊ မြစ်သား မြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ်၊ ကျောက်မဲ ခရိုင် နမ္မတူ မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်၊ ကျိုင်းတုံ ခရိုင်နဲ့ ဧရာဝတီတိုင်း ဒေသကြီး ကန်းနီ ကျေးရွာအုပ်စု လှည်းတော်ကုန်း ကျေးရွာတို့မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီးတော့ တာဝန်ရှိသူများက ဇူလိုင်လ ၂၉ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်း ခံရတဲ့ ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ရဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ကိုယ်တိုင်ဆောင်ရွက်စေပြီးတော့ လုပ်အားခငွေ ထောက်ပံ့ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေ ရရှိစေဖို့ ရည်ရွယ်ပြီး၊ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မြို့နယ်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရပါတယ်။

သတင်း - NRC Bereau နဲ့ တိုင်းဒေသကြီးများ (ပြန်/ဆက်)

https://www.mrtv.gov.mm/mm/news-83173