Director General for DRD Monitors Cash for Work Activities in Kyungyankone

NCDDP

ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် အဖွဲ့ ကွမ်းခြံကုန်းမြို့နယ်အတွင်း Cash for Work စီမံကိန်းလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေး

Yangon, 4 August 2020, SkyNet Media Coverage

 

ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်း ခရိုင် ကွမ်းခြံကုန်း မြို့နယ် ထင်းပုံဆိပ် ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ မြေသားလမ်း ခင်းခြင်းနဲ့ လမ်းဘေး ရေနုတ်မြောင်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ်လ ၂ ရက်နေ့ မနက် ၁၀ နာရီ အချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းနဲ့ ခရိုင်မြို့နယ် ကျေးလက်ဒေသ ဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာ ကော်မတီဝင်များနဲ့အတူ ကြည့်ရှု့စစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြပါတယ်။

 

အဆိုပါ ထင်းပုံဆိပ် ကျေးရွာ မြေသားလမ်း အရှည် ပေ ၃၀၀၊ အကျယ် ၁၀ ပေ၊ အမြင့် ၃ ပေထု ဖောက်လုပ်ခင်းခြင်းနဲ့ ရေနုတ်မြောင်း ၂၂၅၀ ပေ၊ အကျယ် ၂ ပေခွဲ အနက် ၂ ပေ တူးဖော်ခြင်း လုပ်ငန်းကို နိုင်ငံတော်၏ Covid-19 Economic Relief Plan (CERP) အရ ဆောင်ရွက်နေတဲ့ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၁၀၀ နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာ ပံ့ပိုးပြီး ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ကာ Covid-19 ကာလအတွင်း လူမှု စီးပွားဘဝ ထိခိုက် ဆုံးရှုံးမှု များအား လျော့ နည်း သက်သာ စေရေးနှင့် ဒေသခံ ပြည်သူများ ဝင်ငွေ ရရှိစေရေး လုပ်အားခ ချက်ချင်းပေးချေတဲ့ စနစ်နဲ့ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါတယ်။

 

မျိုးဆက် (ကျေးလက်)

SkyNet Media Coverage

#CERP, #CFW, #DRD, #MOALI