Cash for Work Project Implementing in Various Regions

NCDDP

တိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာ Cash for Work စီမံကိန်းကို ဖော်ဆောင်

Saturday, 01 August 2020, MRTV Coverage

 

Covid-19 ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း နိုင်ငံတော် အစိုးရမှ ချမှတ်ထားတဲ့ စီးပွားရေးကုစားမှု အစီအစဉ် COVID-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသမှ ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေကို ကုစားနိုင်ဖို့ အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာ Cash for Work စီမံကိန်းကို ရည်ရွယ် ဖော်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး ဂန့်ဂေါ မြို့နယ်ရှိ ကုက္ကားကျေးရွာမှာ နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ ဖြင့် ရွာတွင်းလမ်း ပြုပြင်ခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများကို ကျေးရွာ လူထု ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

 

အလားတူ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ်မှာ Cash for Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးရွာ ကုန်ထုတ်လမ်း ရေနုတ်မြောင်း တူးဖော်ခြင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်းနဲ့ ကျေးရွာ ခန်းမ ခြံဝင်းအတွင်း လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကျေးလက်နေ ပြည်သူများ ကိုယ်တိုင် ဆောင်ရွက်နေပြီးတော့ လုပ်အားခ ချက်ချင်း ပေချေတဲ့ စနစ်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

အဆိုပါ စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရမည်းသင်း မြို့နယ်မှာ စည်းခုံကျေးရွာ၊ မကျီးကုန်း (မြောက်) ကျေးရွာ၊ အောင်ချမ်းသာ ကျေးရွာတွေမှာ အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ်။

 

အလားတူ ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့နယ် တမဲ ကျေးရွာမှာ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း စတင် ထုတ်ချေးနေမှု၊ Cash for Work စီမံကိန်း ဖြစ်တဲ့

ပြင်သာ ကျေးရွာနဲ့ နန်ကောဝီး ကျေးရွာတွေမှာ ရွာတွင်းလမ်း ပြုပြင်ခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း၊ ဗြုန်းသဲ ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရပါတယ်။

 

သတင်း - တိုင်းဒေသကြီး/ ပြည်နယ် (ပြန်/ဆက်)

 

https://www.mrtv.gov.mm/mm/news-83182