Cash for Work Project Upgrading Village Street in Kyaukse, Benefiting Rural Community

NCDDP

ကျောက်ဆည်မြို့နယ် အရှေ့ရေပြားတော ကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်း လမ်းများအား အဆင့်မြှင့်တင်ပေးလျက်ရှိ

Mandalay, 5 August 2020, MOI Webportal Myanmar

ကျောက်ဆည် မြို့နယ် အရှေ့ ရေပြားတော ကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်း လမ်းများအား အဆင့်မြှင့်တင်ပေးသည့် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်ရှင်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ် အရှေ့ရေပြားတော ကျေးရွာတွင် နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်- ၁၉ ကာလအတွင်း စီးပွားရေး ကုစားမှု အစီအစဉ်အရ ကျေးလက်နေ ပြည်သူများ ၏ မိသားစု ဝင်ငွေများ လျော့နည်း လာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသော Cash for Work စီမံကိန်း ဖြင့် ကျေးရွာတွင်း လမ်းများအား အဆင့်မြင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

ကျေးရွာများ၌ လမ်းများ အဆင့်မြင့်တင် ဆောင်ရွက်ပေးရာတွင် အကျယ် ၁၆ ပေ၊ အရှည် ၁၆၀၀ ပေ၊ ထု ၈ လက်မ လမ်းနှင့် အကျယ် ၁၂ ပေ၊ အရှည် ၁၀၀၀ ပေ၊ ထု ၈ လက်မ လမ်းများကို စီမံကိန်း အရ ကျေးရွာ ပြည်သူများ၏ လုပ်အားများဖြင့် ဆောင်ရွက်ခြင်း ဖြစ်သော ကြောင့် အဆိုပါ ကျေးရွာများမှ လုပ်သားများ ဝင်ငွေ ရရှိပြီး မိသားစုများ အဆင်ပြေလျက် ရှိကြောင်း သိရပါတယ်။

လမ်းများ အဆင့်မြင့်တင် ဆောင်ရွက်နေမှုများနှင့် ပတ်သတ်၍ Cash for Work ကျေးရွာ စီမံကိန်း ကော်မတီ ဥက္ကဌ ဦးဆန်းထွန်းက ယခု လို ပြောကြားခဲ့ပါတယ်။

“ကျနော်က အရှေ့ရေပြားတော ကျေးရွာ Cash for Work စီမံကိန်းရဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လမ်း ကော်မတီ ဥက္ကဌ ဦးဆန်းထွန်း ဖြစ်ပါတယ်၊ ကိုဗစ်- ၁၉ ကာလမှာ ရွာသူရွာသားများ လုပ်ငန်း ရှားပါးပြီး ဝင်ငွေ နည်းတဲ့ အချိန်မှာ အခုလို စီမံကိန်း ချပေးတဲ့အတွက် ရွာသူရွာသားများ၊ လုပ်ငန်းများ အလုပ်လုပ်ရပြီး ၊ ဝင်ငွေများ ရရှိစေပါတယ်။ အခုလို ရသည့် အတွက် ရွာသူရွာသားများကလည်း အဆင်ပြေ ချောမွေ့ပါတယ်။ ဒီလမ်းကြီး ပြီးပါကလည်း ရွာသူရွာသားများ သွားလာရေး အဆင်ပြေတဲ့အတွက် ကျနော်အနေနဲ့ ကျေးဇူးတင်ပါတယ်။”

သတင်း - ကျောက်ဆည် ခရိုင် ( ပြန်/ဆက်)

Ministry of Information

#CERP, #CFW, #DRD, #MOALI

https://www.facebook.com/MOIWebportalMyanmar/videos/298538304924319/