ကယားပြည်နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းမြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်း အစည်းအဝေး

Microsoft Word - Agenda-Kayah Consultation.docx

လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း (လူထုဗဟိုပြုစီမံကိန်း) တတိယနှစ် အကောင်အထည်ဖော် ဆောင်ရွက် ရန် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင််ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် စီမံကိန်းမြို့နယ် တစ်မြို့နယ်စီရွေးချယ်ရန်အတွက် အကြံဉာဏ်ရယူခြင်း အစည်းအဝေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၏ မြို့တော်များတွင် ကျင်းပသွားမည် ဖြစ်ပါသည်။ ယင်းအစည်းအဝေးသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများအား ဖိတ်ကြားသွားမည် ဖြစ်ပါသည်။

ကယားပြည်နယ်အတွက် မြို့နယ်ရွေးချယ်ခြင်းအစည်းအဝေးကို ၂ဝ၁၅၊ မတ်လ (၆) ရက်နေ့တွင် လွိုင်ကော်မြို့၌ ကျင်းပမည် ဖြစ်ပါသည်။ စီမံကိန်းမြို့နယ် ရွေးချယ်မှုဆိုင်ရာ သတ်မှတ်ချက်များ၊ အစည်းအဝေးအစီအစဉ်နှင့် စီမံကိန်း အချက်အလက်များကို ဤစာနှင့်အတူ ပူးတွဲပေးပို့အပ်ပါသည်။ အစည်းအဝေးကို မြန်မာဘာသာတစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်းမရှိပါ။

အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူထုဗဟိုပြုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများအနေ ဖြင့် လွိုင်ကော်မြို့တွင် ကျင်းပမည့် အကြံဉာဏ်ရယူခြင်းအစည်းအဝေးကို တက်ရောက်ရန် စိတ်ပါဝင်စားမှုရှိပါက cdd.drdmyanmar@gmail.com သို့ မတ်လ (၄) ရက်ထက် နောက်မကျစေဘဲ ဆက်သွယ်အကြောင်းကြားပါရန်နှင့် လွိုင်ကော်မြို့အစည်းအဝေးအတွက် အချက်အလက်များနှင့် ဘားအံနှင့် မြစ်ကြီးနားမြို့တို့၌ ကျင်းပမည့် အစည်း အဝေး အစီအစဉ်များကို ဆက်လက် အကြောင်းကြားသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အကြောင်းကြားပါသည်။

 

ခန့်ဇော်

ဒုတိယအင်ဂျင်နီယာချုပ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

 

# လူထုဗဟိုပြုစီမံကိန်းအကြောင်း အသေးစိတ်လေ့လာလိုပါက

http://cddmyanmar.blogspot.com

http://cdd.drdmyanmar.org

https://www.facebook.com/cddatmyanmar

 

# စီမံကိန်းအကျဉ်းနှင့် စီမံကိန်းမြို့နယ်ရွေးချယ်ခြင်းအဆင့်ဆင့်ကို TownshipselectionProcess_Eng_MM ဖိုင်တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။