ပိုင်ကျုံမြို့ ကော့ကစွယ် ကျေးရွာတွင် တံတား ဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

NCDDP’s Concrete Bridge and Slab Culvert Construction Kicked Off in Kawt Ka Swei of Hlaingbwe

Kayin, 21 December 2020, Ministry of Information

ပိုင်ကျုံ ​ဒီဇင်ဘာ ၂၁

 

ကရင် ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကော့ဖမွတ်ကျေးရွာ အုပ်စု၊ ကော့ကစွယ် ကျေးရွာတွင် လှိုင်းဘွဲမြို့နယ်၊ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူ အညီဖြင့် အ​ကောင် အထည်​​​ဖော် ဆောင်ရွက်လျက် ရှိသော ကွန်ကရစ် တံတားနှင့် Slab Culvert ဆောက်လုပ်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ (၁၈) ရက်နေ့ က စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော ကွန်ကရစ် တံတား (အလျား ၁၀ ​ပေ x အနံ ၁၈​ပေ x အမြင့် ၇​ပေ) နှင့် Slab Culvert (၂)စင်း (အလျား ၁၈​ပေ x အနံ ၅​ပေ x အမြင့် ၅​ပေ) ရှိသော လုပ်ငန်းများကို လူထုဗဟိုပြု စီမံကိန်း​ ထောက်ပံ့​ငွေ (၂,၀၀၀,၀၀၀) ကျပ်ဖြင့် လုပ်ငန်းများ အကောင် ထည်ဖော် ဆောင်ရွက်လျက် ရှိပြီး လူထုဗဟိုပြု စီမံကိန်းမှ လက်​ထောက် နည်းပညာမှူး ခွန်​နေလင်း​အောင်၊ လူထုစည်းရုံး​ရေးမှူး ​စောအင်ဒရူးတို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာန နှင့် မြို့နယ် နည်းပညာ အကြံ​ပေးအဖွဲ့ တို့၏ စနစ်တကျ လမ်းညွှန်မှု၊ ရပ်ရွာ ပြည်သူလူထု တို့၏ ပူး​ပေါင်း ပါဝင်မှုများဖြင့် အကောင် အထည်ဖော် ဆောင်ရွက် နေခြင်းဖြစ် ပြီး (၁၀၀) ရာခိုင်နှုန်း ပြီးစီးပါက ​​ကော့ကစွယ် ကျေးရွာမှ အိမ်​ထောင်စု (၁၁၃) စု လူဦး​ရေ (၈၀၆)ဦး တို့ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေး လုပ်ငန်းများ အတွက် သွား/လာ​ရေး လွယ်ကူ အဆင်​ပြေလာမည် ဖြစ်ကြောင်း သိရသည်။

 

 

ပိုင်ကျုံ (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25436