တွန်းဇံမြို့နယ်ရှိ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအား ကွင်းဆင်းစစ်ဆေး

NCDDP’s Sub-project Activities in Ba Pee Village of Tongzang Monitored by Respective Officials

Chin, 10 December 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ချင်းပြည်နယ် ဖလမ်း ခရိုင် တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း ဘပီးအုပ်စု၊ ဘပီးကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်း လုပ်ငန်း အခြေအနေတွေကို မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်း၊ နည်းပညာ အကြံပေး ဦးဇော်ဝင်းနဲ့ ဒေါ်အေးနွယ်သန်း၊ ပြည်နယ် အခြေခံ အဆောက်အဦးပိုင်း ဆိုင်ရာ လက်ထောက် နည်းပညာမှူး ဒေါ်အိသန္တာစိုး၊ တာဝန်ကျ လက်ထောက်နည်း ပညာမှူးနဲ့ လူထု စည်းရုံးရေးမှူးတွေ ပါဝင်တဲ့ တာဝန်ရှိသူတွေ ဟာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

စီမံကိန်း တာဝန်ရှိသူတွေဟာ စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ၂၄ ဒသမ ၈ ကျပ်သန်းနဲ့ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း မြေနေရာကို ကွင်းဆင်း တိုင်းတာခဲ့ပြီး၊ ပထမနှစ်နဲ့ ဒုတိယနှစ် စီမံကိန်း လုပ်ငန်းတွေမှာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် တတိယနှစ် စက်ဝန်း ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်ကို စီမံကိန်းက သတ်မှတ်ထားတဲ့ ဒီဇိုင်း၊ အရည်အသွေး၊ စံချိန် စံညွှန်းတွေအတိုင်း ဆောက်လုပ်ဖို့ လိုအပ်ချက်တွေကို ရှင်းလင်းခဲ့ပါတယ်။

သတင်း - ဦးဇော်၀င်း (CSAGS)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage