လူထုဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ် ရေမင်းသာယာ ကျေးရွာမှာ ရွာတွင်း ကွန်ကရစ်လမ်း လုပ်ငန်း စတင် ဆောင်ရွက်

NCDDP’s Village Concrete Street Construction Kicked Off in Yae Min Thar Yar of Hlaingbwe

Kayin, 29 November 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ အကောင်အထည်ဖေါ် ဆောင်ရွက် မယ့် ကမော့ကချူး ကျေးရွာ အုပ်စု ရေမင်းသာယာ ကျေးရွာမှာ ရွာတွင်း ကွန်ကရစ်လမ်း လုပ်ငန်း ကို စတင် ဆောင်ရွက်ခဲ့တယ်လို့ သိရ ပါတယ်။

အဆိုပါ ကွန်ကရစ် လမ်းက လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေ (၂၁,၁၀၀,၀၀၀)ကျပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၁၁၁၀ပေ x အကျယ် ၁၄ပေ x ထု ၆လက်မ) လုပ်ငန်းအား လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ လက်ထောက် နည်း ပညာမှူး နန်းဆုလဲ့ဖြူ၊ လူထုစည်းရုံးရေးမှူး ဒေါ်မျိုးမမလေးတို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ပြည်သူလူထုတို့၏ ပူးပေါင်း ပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage