Ground Survey Conducted for NCDDP’s Suspension Bridge Construction in Su Hta Village
Hlaingbwe, 26 November 2020, Ministry of Information
လှိုင်းဘွဲ နိုဝင်ဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်နေသော လှိုင်းဘွဲမြို့နယ် လူထ ုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန စီမံကိန်း တာဝန်ခံ ဒုတိယ ညွန်ကြားရေးမှူး ဦးစတင့်ဝေနှင့် တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်း ကြည့်ရှုခြင်း ကို ကရင်ပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန စီမံကိန်း တာဝန်ခံ ဒုတိယ ညွန်ကြားရေးမှူး ဦးစတင့်ဝေ၊ ဘားအံမြို့ မြို့နယ် ဦးစီးမှူး ဦးစောအောင်မျိုးမြင့်၊ လှိုင်းဘွဲ့ မြို့နယ် ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်း၊ စီမံကိန်း တာဝန်ခံနှင့် ဝန်ထမ်းများက စီမံကိန်း ထောက်ပံ့ငွေ ၅၀,၀၀၀,၀၀၀ ကျပ်ဖြင့် အကောင်အထည် ဖော်ဆောင်မည့် သမိုကျေးရွာ အုပ်စု စူးထကျေးရွာ ကြိုးတံတားတည်ဆောက်ခြင်း (အလျှား ၂၀၀ပေ x အကျယ် ၆ပေ) လုပ်ငန်းအား ဆောင်ရွက်မည့် ဒီဇိုင်းနှင့် မြေပြင် အခြေအနေများအား အသေးစိတ် ကွင်းဆင်း စစ်ဆေးပြီး အကောင်အထည် ဖော်ရာတွင် ဒီဇိုင်းနှင့် အမှန်တစ်ကယ် တည်ဆောက်မှုတို့ အံဝင်ခွင်ကျမှုစေရန် လိုအပ်သည့် အကြံဉာဏ်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)
ကရင်ပြည်နယ်
#NCDDP, #DRD, #MOALI, #WorldBank
Credit – Ministry of Information