![](https://cdd.drdmyanmar.org/sites/default/files/styles/news_on_media/public/uploads/news-image/img_20201126_104205.jpg?itok=DyK4eSXV)
NCDDP’s Virtual Socialization Meeting Workshop Organized for Mindat
Chin, 26 November 2020, Ministry of Information
မင်းတပ် နိုဝင်ဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် လူထု ဗဟိုပြု စီမံကိန်း စီမံကိန်း မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မင်းတပ်မြို့ စည်ပင်ခန်းမ၌ ကျင်းပသည်။
ယင်း လူထုဗဟိုပြု စီမံကိန်း စီမံကိန်း မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲတွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ NGO၊ INGO အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက် ကြသည်။ စီမံကိန်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်း ပြုလုပ်ခြင်းဖြင့် ကျေးရွာနေ ပြည်သူလူထု များရရှိ ခံစားမည့် အကျိုး ကျေးဇူးများ၊ လူထုဗဟိုပြု စီမံကိန်းကို မြန်မာ တစ်နိုင်ငံလုံးရှိ မြို့နယ် ၆၃ မြို့နယ် တွင် အကောင်အထည်ဖော် ဆောင်ရွက်နေ ကြောင်း နောက်ထပ် မြန်မာ တစ်နိုင်ငံလုံးရှိ ဖွံ့ဖြိုး တိုးတက်မှု မရှိသေးသည့် ကျေးရွာ အုပ်စု ၁၃ မြို့နယ်တွင် စီမံကိန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ် ကြောင်း၊ ကျေးလက်နေ ပြည်သူလူထု၏ ကျေးရွာ အုပ်စုအပေါ်မူတည်၍ ဘတ်ဂျက်များ ချထားပေးနေပြီဖြစ် ကြောင်း၊ အမှန်တကယ် ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သည့် ကျေးရွာ များတွင်သာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ကြောင်း ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ယင်း စီမံကိန်းကို လေးနှစ်တာ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမှန်တကယ် ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သည့် ကျေးရွာ အုပ်စုများ၏ အဓိက လိုအပ်ချက်များကို အကောင် အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယင်းသို့ စီမံကိန်းများ ဝင်ရောက်လုပ်ဆောင်ခြင်းဖြင့် ကျေးရွာနေ ပြည်သူများ၏ လမ်းပိုင်း ဆက်သွယ်ရေး၊ နည်းပညာပိုင်း လိုအပ်ချက်များ၊ အသိမြင် ဗဟုသုတ ကျယ်ကျယ် ပြန့်ပြန့် သိရှိလာစေရန်နှင့် ကျေးလက်နေ ပြည်သူလူထုအနေဖြင့် အခြေခံ လူမှုစီးပွား အဆောက်အအုံများနှင့် ဝန်ဆောင်မှု များအား လူထုဗဟို စနစ်ကို ကျင့်သုံး၍ ရယူသုံးစွဲ နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ကျေးလက်နေ ကျေးရွာအုပ်စုရှိ တိုင်းရင်းသားများကို ဝန်ထမ်း ခန့်အပ်၍ အကောင်အထည်ဖော် ဆောင်ရွက် နေကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ထံ မှ သိရသည်။
လူထုဗဟိုပြု စီမံကိန်း စီမံကိန်း မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲတွင် တက်ရောက် လာကြသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှင့် ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ NGO၊ INGO အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက လွတ်လွတ်လပ်လပ် ဆွေးနွေး အကြံပြု ကြကြောင်း သိရသည်။
ခွီရှိန်းမောင်း(မင်းတပ်)
#NCDDP, #DRD, #MOALI, #WorldBank
Credit – Ministry of Information