လှိုင်းဘွဲမြို့နယ် ထီလုံ ကျေးရွာ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း ပန္နက်ရိုက် မင်္ဂလာ အခမ်းအနားကျင်းပ

School Foundation Laying Ceremony Held for NCDDP’s School Construction in Hti Lon Village of Hlaingbwe

Kayin, 24 November 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ ဆောင်ရွက် နေတဲ့ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ ထီလုံကျေးရွာအုပ်စု ထီလုံကျေးရွာ စာသင် ကျောင်းဆောင် သစ် ဆောက်လုပ်ခြင်း ပန္နက်ရိုက် မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ရာ ပအိုဝ်း တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခွန်မျိုးတင့် တက်ရောက် ခဲ့ကြောင်း သိရှိရပါတယ်။

 

အဆိုပါ စာသင်ကျောင်းဆောင်သစ်မှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ သိန်း ၃၅၀ နဲ့ (အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၂ ပေ) အကောင်ထည်ဖော် ဆောင်ရွက်ပြီး လက်ထောက် နည်းပညာမှူး နန်းဆုမြတ်မေသွယ်၊ လူထု စည်းရုံးရေးမှူး နန်းခင်ဝေတင်တို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်မှုများနဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ဒုတိယ အပတ်မှာ အပြီးသတ် ဆောက်ရွက် သွားမှာ ဖြစ်ပြီး၊ ကျောင်း ဆောင်သစ် ပြီးစီးသွားပါက ထီလုံကျေးရွာမှ မူလတန်းကျောင်းမှာ ပညာ သင်ကြားနေတဲ့ ကလေး (၁၆၃) ဦးတို့အတွက် လုံခြုံ စိတ်ချစွာနဲ့ စနစ်တကျ ပညာသင်ကြား နိုင်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage