ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

NCDDP’s Socialization Meeting Organized for Project Implementation in Dedaye

Ayeyarwaddy, 21 November 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ် တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထုဗဟိုပြု စီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်မယ့် ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့နယ် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၉ နာရီခွဲအချိန်က Virtual Conference စနစ်နဲ့ ကျင်းပ ပြုလုပ်တယ်လို့ သိရပါတယ်။

ရှေးဦးစွာ ဧရာတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးတင်အောင်ဝင်းက အဖွင့်အမှာ စကား ပြောကြားပြီး ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနဲ့ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်တို့က အမှာစကားတွေ ပြောကြားကြပါတယ်။

ဆက်လက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးလှခိုင်က လူထုဗဟိုပြု စီမံကိန်း အကြောင်း မိတ်ဆက် ရှင်းလင်း ပြောကြားပါတယ်။

အဲဒီနောက် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနား တက်ရောက် လာကြသူတွေက စီမံကိန်းနဲ့ ပတ်သက်ပြီး၊ သိရှိလိုတာတွေကို မေးမြန်းကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူတွေက ပြန်လည် ဖြေကြား ပေးခဲ့ကြပြီး ဧရာဝတီတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်က နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - သန်းလွင် (မကွေး)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage