ငဖဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက် အမှာစကား ပြောကြား

Magwe Region Chief Minister Dr. Aung Moe Nyo Delivers Opening Remarks at NCDDP’s Socialization Meeting for Ngape

Magway, 18 November 2020, Myanmar Digital News

နေပြည်တော် ၁၈ နိုဝင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာဘဏ် တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူထု ဗဟိုပြု စီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်မည့် မကွေးတိုင်း ဒေသကြီး၊ ငဖဲမြို့နယ် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က Virtual Conference စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို တက်ရောက် အဖွင့် အမှာ စကား ပြောကြားပြီး ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ကမ္ဘာဘဏ် ကိုယ်စားလှယ် Ms. Patricia Fernandes တို့က အမှာစကား ပြောကြားကြသည်။

ဆက်လက်၍ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးလှခိုင်က လူထုဗဟိုပြု စီမံကိန်း အကြောင်း မိတ်ဆက် ရှင်းလင်းပြောကြားသည်။

ထို့နောက် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနား တက်ရောက်လာ သူများက စီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ပြီး မကွေးတိုင်း ဒေသကြီး ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်က နိဂုံးချုပ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ Virtual Conference ကျင်းပ ပြုလုပ်သည့် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးဝင်းမော်ဌေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြိုဖများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ CSO များ တက်ရောက် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Myanmar Digital News

http://www.mdn.gov.mm/my/ngphaimiuny-luuthubhiupuciimnkinmittchkpai-akhmanaakngp-mkettiungdeskiiwnkiikhup