လူထု ဗဟိုပြု စီမံကိန်းမှ ကော့ကရိတ် မြို့နယ်အတွက် စီမံကိန်း လုပ်ငန်းခွဲပေါင်း ၂၅ ခုကို နိုဝင်ဘာလအတွင်း စတင် အကောင်အထည်ဖော်

NCDDP’s 25 Sub-project Activities in Kawkareik Kicked Off in November

Kayin, 18 November 2020, Skynet Media Coverage

ကရင် ပြည်နယ် ကော့ကရိတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ နိုဝင်ဘာလ အတွင်းမှာ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၂၅ ခုကို စတင် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိကြောင်း သိရပါတယ်။

အဆိုပါ စီမံကိန်း လုပ်ငန်းခွဲများက ကျေးရွာ အုပ်စု ၁၃ အုပ်စုမှ ကျေးရွာ ၂၅ ရွာမှာ ဆောင်ရွက်လျက် ရှိပြီး၊ ကျေးရွာ လူထု ခန်းမဆောင် တစ်လုံး၊ ပညာရေးအတွက် ကျောင်းဆောင်သစ် ၂ ကျောင်း၊ ရွာချင်းဆက် ဂဝံ မြေသားလမ်း ၂ လမ်း၊ ရွာတွင်း ဂဝံ မြေသားလမ်း ၇ လမ်းနဲ့ ရွာတွင်း ကွန်ကရစ်လမ်း ၁၃ လမ်းတို့ကို ဆောင်ရွက် နေခြင်း ဖြစ်ပြီး၊ ကျေးရွာ လူထု ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းကြောင့် လုပ်ငန်းများကို သိရှိနားလည် ဦးဆောင် တတ်လာပြီး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ မိသားစု စားဝတ်နေရေးကို များစွာ အထောက်အကူ ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - စောဌေးရီ (ကျေးလက်)

Credit- SkyNet Media Coverage