NCDDP’s Village Street Construction in Let Pan Kone Village of Hlaingbwe
Kayin, 7 November 2020, Ministry of Information Media Coverage
လှိုင်းဘွဲ နိုဝင်ဘာ ၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် အိမ်ထောင်စု (၂၂၂)စု၊ လူဦးရေ (၁၆၁၉)ဦး အတွက် အကျိုးပြု နိုင်မည့် သာယာကုန်း ကျေးရွာ အုပ်စု လက်ပံကုန်း ကျေးရွာ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က စတင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းသည် လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ (၂၄,၄၅၀,၀၀၀)ကျပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၁၀၈၀ပေ x အကျယ် ၁၆ပေ x ထု ၆လက်မ)တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ လက်ထောက် နည်းပညာမှူး ဒေါ်ဝင်းဇာနည်ခိုင်၊ လူထုစည်းရုံးရေးမှူး စောသန်းကျော်လင်း တို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ကျေးရွာသူ/ကျေးရွာသားတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)
https://www.moi.gov.mm/iprd/news/20150
http://www.mdn.gov.mm/my/lkpnkunkeraattng-luuuure-1619-uuattk-akiupumnny-raattngknkrclmkhng