ပေါက်မြို့နယ် တောင်ချို ကျေးရွာ မြေနီလမ်းနဲ့ မြေထိန်း နံရံ ပြုလုပ်မှု လူထု စစ်ဆေးပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်) အဖြစ် ပေါက်မြို့နယ် သပွတ်စု အုပ်စု တောင်ချို ကျေးရွာ မြေနီလမ်း ခင်းခြင်းနဲ့ မြေထိန်း နံရံ ပြုလုပ်ခြင်း လုပ်ငန်းကို ယခု အခါမှာ အောင်မြင်စွာ ဆောင်ရွက် ပြီးစီးပြီလို့ သိရပါတယ်။

ဆောင်ရွက်ပြီးစီးသွားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေရဲ့ လုပ်ငန်းစဉ်နဲ့ ရလာဒ်အပေါ် ကျေးရွာ လူထုရဲ့ စိတ်ကျေနပ်မှု အပေါ် မဲပေးနိုင်ဖို့ အိမ်တိုင်ရာရောက် စာရွက်တွေ ဝေပြိး ကောက်ယူတာကို ဇွန်လိုင်လ ၁၀ ရက်နေ့ မနက် ၈ နာရီက စပြီး၊ တာဝန်ကျ စီမံကိန်း ဝန်ထမ်းတွေနဲ့ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေက ဦးဆောင်ပြီး၊ ကျေးရွာအတွင်းမှာ လှည့်လှည်ဆောင်ရွက်ကြရာမှာ လူထု ဗဟိုပြု စီမံကိန်း တိုင်း အကြံပေး ဦးမောင်ဘို၊ မြို့နယ် နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း၊ ဝယ်ယူရေး တာဝန်ခံ ဦးတင်ထွန်းအောင်နဲ့ တာဝန်ကျ ဝန်ထမ်းတွေက အတူ လိုက်ပါ ကြီးကြပ် ပေးခဲ့ ကြပါတယ်။

အဲဒီ မြေနီလမ်း ခင်းခြင်းနဲ့ မြေထိန်း နရံ ပြုလုပ်ခြင်း နဲ့ ပတ်သတ်တဲ့ စိတ်ကျေနပ်မှု အပေါ် မဲပေးရာမှာ အိမ်ထောင်စု ပေါင်း ၇၈ စု က အလွန် ကျေနပ်မဲ ၇၈ မဲ ရရှိပြီး၊ လူထု စစ်ဆေးပွဲ ရလာဒ်တွေကို ကျေးရွာ လူထု သိရှိ စေဖို့ ကြော်ငြာ သင်ပုန်းမှာ ပွင့်လင်း မြင်သာစွာ ကြေညာ ပေးခဲ့ကြောင်း လူထု စည်းရုံးရေးမှူး ဦးကျော်စွာဝင်းက ပြောကြားပါသည်။

သတင်း - ဉာဏ်တိုး (ပေါက်)