လှိုင်းဘွဲမြို့နယ် ထော်ရွဲကမ်းနားကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်း စတင်အကောင်အထည်ဖော်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် အင်းနို့သိပ္ပံကျေးရွာအုပ်စု ထော်ရွဲကမ်းနား ကျေးရွာရှိ ရွာတွင်းကွန်ကရစ်လမ်း လုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေ (၂၀၂၅၀၀၀၀)ကျပ်ဖြင့် လမ်း(အရှည် ၁၄၀၀ပေ x အကျယ် ၁၂ပေ x အထူ ၆လက်မ) တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ လက်ထောက်နည်းပညာမှူး ဒေါ်ဇီဇဝါပွင့်၊ လူထုစည်းရုံးရေးမှူး ဦးသန်းထိုက်စိုးသူ တို့၏ အနီးကပ် ကြီးကြပ်မှူးနှင့် ကျေးရွာသူ/ကျေးရွာသားတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Ministry of Information

http://www.mdn.gov.mm/my/liungbhaimiuny-theaaraikmnaakeraattng-raattngknkrclm-cttngakeaangathnnypheaa