ဆီဆိုင်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ လုပ်ငန်းခွဲ ၁၈၆ ခု ဆောင်ရွက်ပြီးစီး

NCDDP’s 186 Sub-project Activities accomplished in its Fourth Year Project Cycle in Hsihseng

Shan, 22 October 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၉၉၅ သန်းနဲ့ လမ်းခင်းခြင်း လုပ်ငန်း ၈၃ ခု၊ တံတား တည်ဆောက်ခြင်း လုပ်ငန်း ၆ ခု၊ မီးရရှိရေး လုပ်ငန်း ၄ ခု၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၃၇ ခု၊ ရေရရှိရေး လုပ်ငန်း ၂၅ ခု၊ ကျန်းမာရေးနှင့် ဆိုင်တဲ့ အဆောက်အအုံ တစ်ခု၊ ကျေးရွာ အဆောက်အအုံ ၂၈ ခုနဲ့ အခြား အဆောက်အအုံ ၂ ခု စုစုပေါင်း စီမံကိန်း လုပ်ငန်းခွဲ ၁၈၆ ခုကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ စီမံကိန်း လုပ်ငန်းခွဲတွေ ဆောင်ရွက် ပြီးစီးသွားပြီ ဖြစ်တာကြောင့် ဆီဆိုင်မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာ အုပ်စု ၁၃ အုပ်စုက ကျေးရွာပေါင်း ၁၈၇ ရွာက အိမ်ထောင်စုပေါင်း ၁၉,၆၆၂ စုက လူဦးရေပေါင်း ၁၀၇,၃၁၁ ဦး အကျိုးခံစားခွင့် ရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage