ကယားပြည်နယ် ဘော်လခဲခရိုင် ဖားဆောင်းမြို့နယ် ကျေးရွာများတွင် လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

Meetings at Six Villages of Hpasawng Organized to Implement NCDDP’s Sub-project activies

Kayah, 17 October 2020, Development News TV

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ကယားပြည်နယ် ဘော်လခဲ ခရိုင် ဖားဆောင်း မြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် မော်ချီးဒေသရှိ ညောင်သာယာ ကျေးရွာ၊ ဖောဘူခိုကျေးရွာ၊ ယူဟဲဒေါခို ကျေးရွာ၊ ကရယ်ခီးကျေးရွာနှင့် ဒေကာခီးကျေးရွာနှင့် လိုလော်ထီး ကျေးရွာ များသို့ အောက်တိုဘာလ ၁၄ ရက်နေ့က လူထု ဗဟိုပြု စီမံကိန်းမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဖားဆောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တာဝန်ခံ အင်ဂျင်နီယာမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးရွာလူထုနှင့် ကော်မတီဝင်များအနေဖြင့် မိမိကျေးရွာမှ အမှန်တစ်ကယ် လိုအပ်သော လုပ်ငန်းခွဲများအား ရွေးချယ်ဆောင်ရွက် သွားရန် ကော်မတီဝင်များ အနေဖြင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် ဆွေးနွေး အကြံပြုခဲ့ပါတယ်။

ထို့နောက် တာဝန်ကျ စည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးတို့က စီမံကိန်း အကြောင်းအရာများကို ပြန်လည် မိတ်ဆက် ပြောကြားခြင်း၊ စီမံကိန်း စက်ဝန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ထောက်ပံ့ ရန်ပုံငွေ ရရှိမှု၊ ကျေးရွာ စီထောက် ကော်မတီများ အတည်ပြုခြင်းနှင့် လုပ်ငန်းခွဲများ ရွေးချယ်ခြင်းတို့အား ကျေးရွာ ၆ ရွာတွင် ကျေးရွာအဆင့် ပထမ အကြိမ်နှင့် ဒုတိယ အကြိမ် အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရပါတယ်။

သတင်း - ချစ်ဦးကိုကို (နထိုးကြီး)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/374364040413333