ဓနုဖြူ မြို့နယ်အတွင်း ရှိ ကျေးရွာများ၌ သောက်သုံးရေ အရည်အသွေး စမ်းသပ် စစ်ဆေး

ဧရာဝတီတိုင်း ဒေသကြိး မအူပင် ခရိုင် ဓနုဖြူ မြို့နယ် အတွင်းရှိ ကျေးရွာ ၄၅၇ ရွာ၌ ကျေးလက်နေ ပြည်သူများ သောက်သုံးလျက် ရှိသော အများသုံး နေရာများမှ ရေနမူနာများ ရယူကာ စမ်းသပ် စစ်ဆေးမှုများကို ဓနုဖြူ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းများက ကွင်းဆင်း စမ်းသပ် စစ်ဆေးလျက်ရှိပါသည်။

ထိုသို့ စမ်းသပ် စစ်ဆေးရာတွင် ရေထဲတွင် ပါဝင်သော လူနှင့် တိရစ္ဆာန် အညစ်အကြေး ဓါတ်ကြောင့် ဝမ်းပျက် ဝမ်းလျော ဖြစ်စေတတ်သော အီကို လီ ဗက်တီးရီးယားပိုးများ ပါဝင်မှု ရှိ၊ မရှိကို သိရှိနိုင်ရန် ရေထွက်ပင်ရင်းမှ ရေကို ယူဆောင်၍ ၂၄ နာရီအတွင်း အီကိုလီ စမ်းသပ်ကိရိယာများဖြင့် စမ်းသပ် စစ်ဆေးပေးလျက် ရှိသည်။

ထိုသို့ စစ်ဆေးရာတွင် ကျေးရွာပေါင်း ၄၅၇ ရွာရှိ အများသုံးနေရာမှ ရေနမူနာများ ကို သတ်မှန်ချိန်အတိုင်း ရယူပြီး အောက်တိုဘာလအတွင်း အပြီး စမ်းသပ် စစ်ဆေးမည် ဖြစ်သည်။

ထိုသို့ စမ်းသပ် စစ်ဆေးခြင်းကြောင့် ဓနုဖြူ မြို့နယ်အတွင်း ကျေးလက်နေ ပြည်သူများ သောက်သုံးနေသော ရေမှ ဝမ်းပျက် ဝမ်းလျော ရောဂါ ဖြစ်ပွားလာနိုင်မှုကို ကြိုတင်ကာကွယ် နိုင်မည် ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေါ်ခိုင်ချိုလွင်က ဆိုသည်။

ဇော်မျိုး (မြဝတီ)

#NCDDP, #DRD, #MOALI, #WorldBank