ကျောက်ကြီးမြို့နယ် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း လုပ်ငန်းခွဲ ၄၂ ခုတို့ကို လွှဲပြောင်းပေးအပ်

NCDDP’s 42 Sub-project Activities in Kyaukkyi Handed Over to Village Development Committees

Bago, 11 October 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်းနဲ့ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီး မြို့နယ် ကျေးရွာအုပ်စု (၇) အုပ်စုမှ ဆောင် ရွက်ပြီးစီးတဲ့ စီမံကိန်း လုပ်ငန်းခွဲ(၄၂)ခုတို့ကို ကျေးရွာလူထုများမှ ဆက်လက်၍ ရေရှည်တည်တံ့စေရန်အတွက် စနစ်တကျ လုပ်ငန်း လည်ပတ်ရေးနှင့် ပြုပြင် ထိန်းသိမ်းရေး သင်တန်းကိုတော့ မုန်းကျေးရွာအုပ်စု၊ တုံးတောကျေးရွာမှာ အောက်တိုဘာလ (၉) ရက်နေ့က လူထုစည်းရုံးရေးမှူး ဦးကိုထူး၊ဒေါ်သီတာ ထွေးနှင့် လက်ထောက် နည်းပညာမှူး ဦးမျိုးဇော်ဝင်းတို့မှ ကျေးရွာ ကော်မတီဝင်များအား COVID – 19 ကာလ လမ်းညွန်ချက်များနှင့် အညီ ဦးဆောင် ပို့ချပေးခဲ့ပါတယ်။

ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီး မြို့နယ် ကျေးရွာ အုပ်စု ၂၈ အုပ်စုအတွင်း ကျေးရွာများမှာ စီမံကိန်း ၄ နှစ်တာ ကာလ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်တာကြောင့် စီမံကိန်း လုပ်ငန်းခွဲများရဲ့ စီမံကိန်း ဆိုင်ရာ အချက်အလက်များ၊ ငွေကြေး သုံးစွဲမှုဆိုင်ရာ အထောက်အထားများ စောင့်ကြည့် ကြီးကြပ် ခြင်းနှင့် အကဲဖြတ်ခြင်းဆိုင်ရာ ကျေးရွာများမှာ ထားရှိရမည့် ပုံစံများ၊ ပစ္စည်းဝယ်ယူခြင်း၊ လုပ်သား ငှားရမ်းခြင်း ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ၊ အခြေခံ အဆောက်အဦးဆိုင်ရာ ထားရှိရမည့် ပုံစံများနှင့် ကျေးရွာ ဖွံ့ဖြိုးရေး အစီအစဉ်များကို မုန်းကျေးရွာ အုပ်စု၊ တုံးတောကျေးရွာနှင့် ဂမုန်းအိုင် ကျေးရွာ အုပ်စု ဝဲလပြင်း ကျေးရွာတို့မှာ အောက်တိုဘာလ ၉ ရက်နေ့က လူထုစည်းရုံးရေးမှူး ဦးခင်မောင်သိန်းနဲ့ လက်ထောက် နည်းပညာမှူး ဒေါ်မီမီထွေးတို့က ဦးဆောင်ပြီး၊ လူထု ဗဟိုပြု စီမံကိန်း ကျေးရွာများရဲ့ ကော်မတီဝင်များထံ စီမံကိန်း ပိတ်သိမ်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

ပေးပို့သူ - ဝင်းညီညီလတ်(CSAG)

#NCDDP, #DRD, #MOALI, #WorldBank