ကန့်ဘလူမြို့နယ်အတွင်းရှိ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

Cash for Work Project Activities in Kanbalu Completed 100 Percent

Sagaing, 7 October 2020, Myanmar Digital News

ကန့်ဘလူ ၇ အောက်တိုဘာ

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ် အတွင်းရှိ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ Cash For Work စီမံကိန်းကို ကန့်ဘလူမြို့နယ် အတွင်းရှိ အင်္ဂါဒေါင့်ကျေးရွာ၊ ပိတောက်ပင်ကျေးရွာ၊ ဘူးကုန်းကျေးရွာ၊ ချောင်းသာကျေးရွာ၊ မေတ္တာမွန်ကျေးရွာ၊ ကျွဲဖြူကျေးရွာ စုစုပေါင်းကျေးရွာ ခြောက်ရွာတို့တွင် ရွာလမ်းဂျင်းခင်းခြင်း၊ ရေမြောင်း တူးဖော်ခြင်း၊ တံတားချဉ်းကပ်လမ်း ဂျင်းမြေဖို့ခြင်း၊ ကျောက်စီ မြေထိန်းနံရံ တည်ဆောက်ခြင်း နှင့် ကုန်ထုတ်လမ်း ဆောင်ရွက်ခြင်း စသည့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဇူလိုင်လ ဒုတိယ အပတ်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် နိုင်ငံတော် အစိုးရမှ ချမှတ်ထားသော ကိုဗစ် - ၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ် CERP အရ ကျေးလက်နေ ပြည်သူများ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားနိုင်ရန် အတွက် ချက်ချင်း လုပ်အားခ ပေးချေမှုစနစ်ဖြင့် လူထုလုပ်အားခ ၆၀ ရာခိုင်နှုန်းနှင့် ပစ္စည်း တန်းဖိုးငွေ ၄၀ ရာခိုင်နှုန်း သတ်မှတ်ကာ တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ကျေးရွာပေါင်း ခြောက်ရွာ၊ စုစုပေါင်း ငွေကျပ်သိန်း ၆၀၀ သုံးစွဲ၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဟန်ထွန်းအောင်ထံမှ သိရသည်။

ချစ်စံ(ခင်ဦး)

Credit- Ministry of Information

#CFW, #CERP, #DRD, #MOALI, #WorldBank, #NCDDP

http://www.mdn.gov.mm/my/knbhluumiunyattngri-cash-work-ciimnkinphng-cheaangrklkriseaa-ciimnkinlupngnmaa-raanunpnnypiicii