ချောင်းဆုံနှင့် သံဖြူဇရပ် မြို့နယ်များ၌ CERP အစီအစဉ်ဖြင့် ဆောင်ရွက်သော စီမံကိန်းပြီးစီး

Covid- 19 Economic Relief Plan Activities in Chaungzon and Thabyuzayat Completed

Mon, 27 September 2020, Ministry of Information

ချောင်းဆုံ စက်တင်ဘာ ၂၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီ အစဉ်(CERP)ဖြင့် ဆောင်ရွက်သော Cash For Work စီမံကိန်းများမှာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ် ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်(CERP)ဖြင့် ချောင်းဆုံမြို့နယ်ရှိ ဒရယ်၊ ကရင်ဝင်းစိန်၊ မရမ်း၊ ကမာမို၊ ကွမ်လှာ၊ ခရိုက်ဒူး၊ ကွင်းကလိန်၊ ကလော့၊ တကူပတီ၊ ဖံဖ၊ ဘိုးနက်၊ တော်ပွန်၊ ကွမ်ရိုက် ကျေးရွာတို့တွင် ဇူလိုင်စတုတ္ထပတ်မှ စတင်ကာ လမ်းပြုပြင်ခြင်း လုပ်ငန်း ၁၀ ခု၊ ကျန်းမာရေးနှင့်ရေလုပ်ငန်း ၁၉ ခု၊ ရေရရှိရေးလုပ်ငန်း ၃ ခု၊ ပညာရေးဆိုင်ရာ အဆောက်အဦး ပြုပြင်ခြင်းလုပ်ငန်း ၂ ခု၊ အခြားလုပ်ငန်း ၆ ခု၊ စုစုပေါင်း လုပ်ငန်းခွဲ ၄၀ တို့ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အလားတူ သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ရဲတံခွန်၊ ဂျော့၊ ဆင်တောင်၊ ကုန်းမြင့်သာယာ၊ စွပ္ပလောင်၊ ဒုံကနိ၊ ခလောက်ချ၊ ဝဲဟတာ၊ ဇီးနှစ်ပင် (ပယောဟဲ)၊ ကရင်သောင်၊ ဝတ်ဖြူ(တောင်ဝိုင်း) ကျေးရွာ (၁၁)ရွာတွင် လမ်းပြုပြင်ခြင်း (၉)ရွာ၊ ကွန်ကရစ် လမ်းခင်းခြင်း(၁)ရွာ၊ ရေနုတ်မြောင်း တူးဖော်ခြင်း(၂)ရွာ၊ ​ရေပြွန်(၄)ရွာ၊ ခြံစည်းရိုးကာရံခြင်း (၁)ရွာ၊ သုဿန် မြေနေရာ ရှင်းလင်းခြင်း(၂)ရွာ၊ စာသင်ကျောင်း ခန်းမ ကွန်ကရစ်လမ်း ခင်းခြင်း (၁)ရွာ၊ Slab culvert ပြုလုပ်ခြင်း (၁)ရွာ၊ ရေပိုက် သွယ်တန်းခြင်း လုပ်ငန်း(၁)ရွာတို့ကို ဆောင်ရွက်ပြီးစီး ခဲ့ကြောင်း သိရသည်။

ဟန်လင်းနိုင်

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13063