တွန်းဇံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for work စီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်ခဲ့မှုအား ကွင်းဆင်းစစ်ဆေး

Completion of Cash for Work Project Activities in Tonzang Monitored by Respective Officials

Chin, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင် ဆည်မြောင်း ဝန်ကြီးဌာန ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ်တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးနန်ဒိုးဆူမ်းမန်း၊ ဒု-ဦးစိးမှူး ဦးထောင်ဆွင်းမုန်း၊ ဒု-ဦးစီးမှူး လျန်ဇမန်း၊ ဦးဆောင်ခန့်ခိုင်(ငယ်ယာ-၂)နှင့် ဦးဇော်ဝင်း (CSAGS)တို့ ပါဝင်တဲ့ တာဝန်ရှိသူများ က စက်တင်ဘာလ ၂၄ ရက်နေ့ က Cash for Work စီမံကိန်း ရန်ပုံငွေ (၁၀)သန်းကျပ်နဲ့ ဖိုင်တူ ကျေးရွာအုပ်စု၊ ဖိုင်တူ ကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ အရှည် ၃၅၀၀ ပေ အကျယ် ၈ပေ ရှိတဲ့ မြေသားလမ်းနဲ့ အရှည် ၃၅၀၀ ပေ အကျယ်၂ပေ အမြင့်၂ပေ ရှိရေမြောင်းတူးဖော်ခြင်း စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ နေရာကို ကွင်းဆင်းကာ လုပ်ငန်းများ သတ်မှတ်ထားသော အရည်အသွေး ပြည့်မှီစွာ ဆောင်ရွက်ထားမှု ရှိ/မရှိ စစ်ဆေး ခဲ့ပါတယ်။

Cash for Work စီမံကိန်းဟာ ၃လတာ ကာလတို စီမံကိန်းဖြစ် ပြီးတော့ တွန်းဇံမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၀ရွာမှာ စီမံကိန်း ထောက်ပံရန်ပုံငွေ သန်း ၁၀၀ နဲ့ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ၁၀၀ ရာခိုင်နှုန်း ပြီးစီး ခဲ့ပြီ ဖြစ်ပါတယ်။

သတင်းပေးပို့သူ - ဦးဇော်ဝင်း (CSAGS)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage