ကြံခင်း မြို့နယ်အတွင်း Cash for Work စီမံကိန်း ကျေးရွာ ၆ ရွာမှာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

Cash for Work Activities in 6 Villages of Kyangin Completed 100 Percent

Ayeyarwaddy, SkyNet Media Coverage

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတ ခရိုင် ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြံခင်း မြို့နယ်အတွင်း Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးရွာ ၆ ရွာမှာ စီမံကိန်း လုပ်ငန်း တွေကို ဇူလိုင်လ တတိယပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ အခုအခါ လုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နေ သိရပါတယ်။

အဲဒီ လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ဟင်္သာတ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးအောင်သက်ရှိန်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိန်မောင်နဲ့ ဝန်ထမ်းတွေက ကြံခင်းမြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာ ၆ ရွာမှာ Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်တာတွေကို ဆွေးနွေးမှာကြား ခဲ့ ပါတယ်။

ကြံခင်းမြို့နယ်အတွက် ယခု ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်းနဲ့ မြို့နယ် အတွင်းမှာ ရှိတဲ့ စမ်းရွာ၊ သိမ်ကုန်း၊ မြင်သာ၊ ကန်သာယာ၊ တာရိုးကုန်း၊ အင်ပင်စမ်း ကျေးရွာတို့မှာ ကျေးရွာ တစ်ရွာကို Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ စီနဲ့ မြေထိန်း နံရံ ကာရန်ခြင်း၊ ချောင်းကျောက်လမ်း ခင်းခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း၊ Box Culvert နှစ်ခု ကြမ်းခင်း ပြုပြင်ခြင်း၊ ကွန်ကရစ် ဘီးလမ်းခင်းခြင်း၊ မြေသားလမ်း ပြုပြင်ခြင်း၊ ကျေးရွာတွင်း မြေနီ ကျောက်စရစ်ခင်းခြင်း လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အခုအခါ လုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိန်မောင်က ပြောကြားခဲ့ပါတယ်။

သတင်း - စိုးမိုးကျော်

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage