COVID-19 ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Cash for Work လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရွှေတောင်မြို့နယ်၊ ပဲခူးမြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် ထန်းတပင် မြို့နယ်တို့တွင် ရာနှုန်းပြည့် ပြီးစီး

Thursday, September 24, 2020

စက်တင်ဘာလ ၂၃ ရက်နေ့က ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကိုဗစ်-ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ပြီးစီးကြောင်း သိရပါတယ်။

ရွှေတောင်မြို့နယ် ကျေးရွာ ၁၁ ရွာမှာ Cash for Work စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၁၀၀ ဖြင့် လုပ်ငန်းခွဲ ၂၅ ခုကို ဆောင်ရွက်ခဲ့ကြောင်း အလားတူ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ ပြည်သူများ ကြုံတွေ့ရတဲ့ စီးပွားရေး အခက်အခဲများကို ဖြေရှင်းနိုင်ဖို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက CERP အစီအစဉ်အရ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ် အတွင်းရှိ ကျေးရွာ ၉ ရွာမှာ Cash for Work စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၉၀၀ ဖြင့် လမ်းအဆင့်မြင့်တင်ခြင်း၊ ရေရရှိရေး အစရှိတဲ့ လုပ်ငန်းများ ဆောင်ရွက်ရာ အခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး သွားပြီ ဖြစ်ကြောင်း သိရပါတယ်။

မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ငွေဖြင့် မြို့နယ် အတွင်းရှိ ကျေးရွာ ၁၀ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်း ပေါင်း ၁၀ ခု ရာနှုန်းပြည့် ပြီးစီးကြောင်းကို လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ထန်းတစ်ပင် မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်စွာ ဆောင်ရွက်ပြီးစီး ကြောင်း သိရပါတယ်။

သတင်း - ပြန်ဆက် & NRC Bureau

#CFW, #CERP, #DRD, #MOALI

Credit – MRTV Media Coverage

https://www.mrtv.gov.mm/mm/news-89481