မလှိုင်မြို့နယ်မှာ Cash for Work စီမံကိန်း နဲ့ ကျေးရွာ ၁၅ ရွာမှာ လုပ်ငန်း ဆောင်ရွက်ပြီးစီး

Cash for Work Activities in 15 Villages of Mahlaing Completed 100 Percent

Mandalay, SkyNet Media Coverage

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ ခရိုင် မလှိုင်မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေ ပြည်သူတွေရဲ့ လူ့မှု့ စီးပွားဘဝ ထိခိုက်မှုတွေကို တုန့်ပြန် ဆောင်ရွက်တဲ့ အနေနဲ့ မိသားစု ဝင်ငွေ ရရှိရေး Cash for Work စီမံကိန်း နဲ့ ကျေးရွာ ၁၅ ရွာမှာ ကျေးရွာတွင်းလမ်း ဂျင်းခင်းခြင်း လုပ်ငန်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိရာမှာ အဲဒီ လုပ်ငန်းတေဟာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်တယ်လို့ မလှိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်စုစုထံမှ သိရပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ Cash for Work စီမံကိန်း ဟာ ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၁၀၀ အသုံးပြုပြီး၊ လုပ်အားခ ပေးချေခြင်း စနစ်နဲ့ ကျေးရွာ ပြည်သူတွေရဲ့ လုပ်အားတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး၊ Cash for Work စီမံကိန်းကို မလှိုင်မြို့နယ်မှာ ရှိတဲ့ ကျေးရွာ ၁၅ ရွာမှာ အကောင်အထည် ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ဟိန်းထက်ကျော်(မလှိုင်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage

https://youtu.be/l14ZJ_ZRSx8