လှိုင်းဘွဲ စက်တင်ဘာ ၁၈
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် တဝန်ဖန်ရကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရွာတွင်း ကွန်ကရစ်လမ်းသည် လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ (၁၁၇၀၀၀၀၀)ကျပ်ဖြင့် အရှည် ၆၈၀ပေ x အကျယ် ၁၂ပေ x အထူ ၆လက်မ တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့၏ လမ်းညွန်မှု၊ လက်ထောက်နည်းပညာမှူးဒေါ်ဝင့်ဝတ်ရည်ခြူး၊ လူထုစည်းရုံးရေးမှူး နန်းမြတ်သူဇာတို့၏အနီးကပ် ကြီးကြပ်မှူနှင့် ကျေးရွာသူ/ကျေးရွာသား တို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရ သည်။
စီမံန်းလုပ်ငန်း ပြီးမြောက်ပါက တဝန်ဖန်ရကျေးရွာမှ အိမ်ထောင်စု (၃၂၄)စုမှ လူဦးရေ (၂၁၀၉) ဦးအတွက် လမ်းပမ်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့ လာမည်ဖြစ်ပြီး စီမံကိန်း လုပ်ငန်းအား ရက်ပေါင်း (၃၀)ရက် အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)
Credit – Ministry of Information
#NCDDP, #DRD, #MOALI, #WorldBank