Cash for Work စီမံကိန်း ဘားအံမြို့နယ် ကျေးရွာ ၂၆ ရွာမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီး

နိုင်ငံ တော်က ချမှတ်ထားတဲ့ Covid-19 ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ Cash for Work စီမံကိန်းလုပ်ငန်းတွေကို ဘားအံမြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ စက်တင်ဘာလ ၇ ရက်နေ့က ဘားအံ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဆန်းဝင်းဌေးနဲ့ မြို့နယ် ဦးစီးမှူး ဦးသူရလွင်တို့ဟာ Cash for Work စီမံကိန်း လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဆယ် မိုင်ကုန်း ကျေးရွာ၊ နောင်ကျန်ကျေးရွာ၊ ဘင်ဂျီ ကျေးရွာ၊ ကြာအင်း ရွာကြီး ကျေးရွာ၊ ကြာအင်း (ရွာလေး) ကျေးရွာနဲ့ ကော့ရင်း ကလေး ကျေးရွာတွေကို သွားရောက်ပြီးတော့ လုပ်ငန်းဆောင်ရွက် ထားရှိမှုနဲ့ စာရင်း ဇယားတွေ M & E ပုံစံတွေ ဖြည့်သွင်း ထားရှိမှု လုပ်ငန်းတွေကို ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

 

ဘားအံ မြို့နယ်မှာ ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်းကို ကျေးရွာ ၃၆ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ကျေးရွာ ၂၆ ရွာရဲ့ လုပ်ငန်းတွေက ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီး ကျန်တဲ့ ကျေးရွာ ၁၀ ရွာရဲ့ လုပ်ငန်းတွေကတော့ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း လုပ်ငန်းတွေအားလုံး စက်တင်ဘာလ ဒုတိယပတ်အတွင်း ပြီးစီးနိုင်ဖို့ တာဝန်ကျ ဝန်ထမ်းတွေက နေ့စဉ် လုပ်ငန်းတွေကို ကြီးကြပ်လျက် ရှိပါတယ်။

 

သတင်း - ဧဧလေး

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage