ဟိုမိန်းမြို့၌ Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ဟိုမိန်း စက်တင်ဘာ ၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေး ခရိုင် ဟိုမိန်းမြို့တွင် လင်းခေး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြောင့် စီးပွားရေး ထိခိုက်စေမှု လျော့နည်းရေး စီမံကိန်း တစ်ခုအဖြစ် ကျေးလက်နေ ပြည်သူများ ဝင်င ွေလျော့နည်း လာမှုနှင့် စားဝတ်နေရေး အခက် အခဲများကို ကုစား ပေးနိုင်ရန် အတွက် Cash For Work စီမံကိန်းဖြင့် မယ်အော ကျေးရွာနှင့် ခုံလုံကျေးရွာ တို့၌ ကျေးရွာ ဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ Cash For Work စီမံကိန်းမှ ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ခန့်ဖြင့် မယ်အော ကျေးရွာ အုပ်စုမယ်အောကျေးရွာ၌ ကျေးရွာတွင်း ကျောက်ချောလမ်း အရှည်ပေ (၄၀၀၀)အား သဲခင်း ခြင်းနှင့် လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်း တူး‌ဖော်ခြင်းလုပ်ငန်း၊ ခုံလုံကျေးရွာ အုပ်စု ခုံလုံကျေးရွာ ၌ ကျေးရွာ အဝင်လမ်းနှင့် ကျေးရွာတွင်း ကျောက်ချောလမ်း အရှည်ပေ (၆၀၀၀)အား သဲခင်းခြင်းနှင့် လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းအား ကျေးရွာ ပြည်သူလူထုလုပ်အားဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။

ထိုသို့ လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းထွန်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်း ကြည့်ရှု စစ်ဆေးပြီး လမ်းများ ရေရှည် တည်တံ့ ကောင်းမွန်စေရေး အတွက် ကျေးရွာ စီမံကိန်း ကော်မတီဝင်များမှ ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက် ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ရဲနောင်(ဟိုမိန်း)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/10531